back

ချင်းမိုင်တွင် ထိုင်းတော်ဝင်လေတပ် လေ့ကျင့်ရေးလေယာဉ်ပျက်ကျပြီး လေယာဉ်မှူးနှစ်ဦး သေဆုံး

Jan 30 • 3:35 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ချင်းမိုင်တွင် ထိုင်းတော်ဝင်လေတပ် လေ့ကျင့်ရေးလေယာဉ်ပျက်ကျပြီး လေယာဉ်မှူးနှစ်ဦး သေဆုံး

ထိုင်းဘုရင့်လေတပ်မတော် (RTAF) မှ AT-6 TH အမျိုးအစား တိုက်လေယာဉ်ငယ်တစ်စင်းသည် ဇန်နဝါရီ ၂၉ ရက် (ကြာသပတေးနေ့) နံနက်ပိုင်းက ချင်းမိုင်ပြည်နယ်၊ ချွမ်ထောင်ခရိုင်ရှိ တ...

ထိုင်းဘုရင့်လေတပ်မတော် (RTAF) မှ AT-6 TH အမျိုးအစား တိုက်လေယာဉ်ငယ်တစ်စင်းသည် ဇန်နဝါရီ ၂၉ ရက် (ကြာသပတေးနေ့) နံနက်ပိုင်းက ချင်းမိုင်ပြည်နယ်၊ ချွမ်ထောင်ခရိုင်ရှိ တောတွင်းတစ်နေရာ၌ လေ့ကျင့်ပျံသန်းနေစဉ် ပျက်ကျခဲ့ရာ လေယာဉ်မှူးနှစ်ဦးစလုံး သေဆုံးသွားခဲ့သည်။ ဒေသခံများ၏ ပြောကြားချက်အရ ကျယ်လောင်သော ပေါက်ကွဲသံနှစ်ခုကြားရပြီးနောက် လေယာဉ်မှာ မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။ အဆိုပါလေယာဉ်သည် ချင်းမိုင်အခြေစိုက် အမှတ် (၄၁) လေတပ်ရင်းမှဖြစ်ပြီး ထိုင်းလေတပ်တွင် ယင်းကဲ့သို့ တိုက်ခိုက်ရေးနှင့် လေ့ကျင့်ရေးသုံး လေယာဉ် ၈ စီးရှိကြောင်း သိရှိရပါသည်။

news-view-count-icon

10