အထူးဒေသ(၆)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပင်မှီကျေးရွာအုပ်စုရှိ ပင်မှီမွေတော်ကျောင်းတွင် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စေတီများကို ပြန်လည်မွမ်းမံပြုပြင်ပြီးနောက် ထီးတော်တင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ အခမ်းအနားကို ဘုန်းတော်ကြီးသံဃာတော်များ ကြွရောက်ခဲ့ကြပြီး ဒကာဒကာမများနှင့် ဒေသခံပြည်သူများ ပါဝင်ဆောင်ရွက်ကာ ဘာသာရေးဆိုင်ရာ ကုသိုလ်ပြုလုပ်ခဲ့ကြောင်းသိရသည်။ စေတီများ ပြန်လည်မွမ်းမံရေးလုပ်ငန်းကို ဒေသခံပြည်သူများ၏ စေတနာအလှူငွေများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ထီးတော်တင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
Jan 30 • 2:38 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 27 | 0 | 0 | 0 |


