back

နေပြည်တော် ဇေယျာသီရိမြို့နယ် တဝိုက်ကကျေးရွာတွေမှာရှိတဲ့တောင်သူတွေ စပါးရာသီမှာ အရှုံးပေါ်ခဲ့သလို မတ်ပဲရာသီမှာလည်း အရှုံးနဲ့ဆက်ရင်ဆိုင်ရဖွယ်ရှိ

Jan 30 • 12:32 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

နေပြည်တော် ဇေယျာသီရိမြို့နယ် တဝိုက်ကကျေးရွာတွေမှာရှိတဲ့တောင်သူတွေ စပါးရာသီမှာ အရှုံးပေါ်ခဲ့သလို မတ်ပဲရာသီမှာလည်း အရှုံးနဲ့ဆက်ရင်ဆိုင်ရဖွယ်ရှိ

နေပြည်တော် ဇေယျာသီရိမြို့နယ် တဝိုက်ကကျေးရွာတွေမှာရှိတဲ့ တောင်သူတွေအနေနဲ့ ပြီးခဲ့တဲ့ စပါးစိုက်ရာသီမှာအရှုံးပေါ်ခဲ့တဲ့အပြင် အခုလက်ရှိစိုက်ပျိုးထားတဲ့ မတ်ပဲပင်တွေသ...

နေပြည်တော် ဇေယျာသီရိမြို့နယ် တဝိုက်ကကျေးရွာတွေမှာရှိတဲ့ တောင်သူတွေအနေနဲ့ ပြီးခဲ့တဲ့ စပါးစိုက်ရာသီမှာအရှုံးပေါ်ခဲ့တဲ့အပြင် အခုလက်ရှိစိုက်ပျိုးထားတဲ့ မတ်ပဲပင်တွေသေဆုံးမှုတွေရှိနေတာကြောင့် အရှုံးနဲ့ ဆက်ပြီးရင်ဆိုင်ရဖို့ အခြေအနေဖြစ်ပေါ်နေတယ်လို့

တောင်သူတွေကပြောပါတယ်။ရန်ကုန်မန္တလေးလမ်းဘေးဝဲယာမှာ စိုက်ပျိုးထားတဲ့ မတ်ပဲပင်တွေသေနေတဲ့အတွက် အဲ့ဒီမတ်ပဲခင်းတွေထဲမှာ လုပ်ကိုင်နေကြတဲ့ တောင်သူတွေကို မေးမြန်းခဲ့တာကနေ သိရတာလည်းဖြစ်ပါတယ်။အခုလက်ရှိ မတ်ပဲစိုက်ပျိုးထားတဲ့ အဲ့ဒီမြို့နယ်ထဲက အခင်းတွေရဲ့အခြေအနေတွေကတော့ တစ်ချို့အခင်းတွေဆို အခင်းလိုက် မတ်ပဲပင်တွေသေနေတာတွေ့ရတဲ့အပြင် တချို့အခင်းတွေမှာတော့ ကွက်တိကွက်ကြား မတ်ပဲပင်တွေသေနေတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။မတ်ပဲ တစ်ဧကအတွက် ထွန်ယက်ခက အနည်းဆုံးနှစ်ကြိမ်ပေါ့ တကြိမ်ကို ခုနှစ်သောင်းခွဲ မျိုးစေ့က တတင်းကို တသိန်း ၊ပိုးမကျအောင် ဆေးဖြန်းတဲ့ ဆေးဖိုးတွေနဲ့ဆို တဧကအတွက်တွက်ကြည့်ပေါ့ဗျာ ကျွန်တော်ဆို ငါးဧကစိုက်ထားတာ အများကြီးဆုံးရှုံးရမှာပါ" လို့ အိုင်စောက်ကျေးရွာက မတ်ပဲတောင်သူတစ်ယောက်ကပြောပါတယ်။ဇေယျာသီရိမြို့နယ်ထဲကကျေးရွာ ၁၃ ရွာမှာ ပြီးခဲ့တဲ့၂၀၂၄-၂၂၅ ကမတ်ပဲ ၁၀,၃၆၉ ဧက စိုက်ပျိုးခဲ့တာမှာ စိုက်ဧကအတိုင်းရိတ်သိမ်းနိုင်ခဲ့တယ်လို့ သိရပြီးတော့ အထွက်နှုန်း ၂၂.၈၀ ရှိတယ်လို့သိရပြီးမတ်ပဲတင်းရေက ၂၃၆,၄၄၇ တင်း ထွက်ရှိခဲ့ပြီး အခု ၂၀၂၅-၂၀၂၆ မှာစိုက်ပျိုးဧက ၉၀၂၀ ဧကစိုက်ပျိုးထားတယ်လို့ သိခဲ့ရပါတယ်။

news-view-count-icon

29