စင်ကာပူနိုင်ငံမှ ၇၁ နှစ်အရွယ် Neo Ngou Moy အမျိုးသမီးသည် အလှကုန်ရင်းနှီးမြှုပ်နှံမှုဟူ၍ လိမ်လည်ကာ လူ ၁၂ ဦးထံမှ ဒေါ်လာ နှစ်သိန်းခွဲခန့် ယူငင်ခဲ့သည့်အတွက် ထောင်ဒဏ် ၅ နှစ်ခွဲ ချမှတ်ခံရသည်။
သူမသည် ၂၀၁၇ ခုနှစ်ကလည်း အလားတူပြစ်မှုဖြင့် ထောင်ကျဖူးပြီး ယခုအခါ "မပြုပြင်နိုင်သော လိမ်လည်သူ" အဖြစ် တရားရုံးက သတ်မှတ်လိုက်သည်။ ၂၀၁၉ ခုနှစ်က Whampoa ရှိ အလှပြင်ဆိုင်တစ်ခုတွင် ဝန်ထမ်းများနှင့် ဖောက်သည်များအား မြှို့ဆွယ်ခဲ့ခြင်းဖြစ်သည်။
အစပိုင်းတွင် အရင်းနှင့်အမြတ် ပြန်ပေးကာ ယုံကြည်မှုရယူပြီး နောက်ပိုင်းတွင် ငွေများယူပြီး ပေါ်မလာတော့ပေ။ ရဲများ စုံစမ်းနေစဉ်တွင်ပင် လိမ်လည်မှု ဆက်လက်ပြုလုပ်နေခဲ့ကြောင်း တွေ့ရှိရသည်။



