back

ဟနွိုင်းတွင် အမျိုးသားပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူများ ဖမ်းဆီးခံရ

Jan 29 • 1:09 PM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဟနွိုင်းတွင် အမျိုးသားပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူများ ဖမ်းဆီးခံရ

ဇန်နဝါရီ ၂၇ ရက်က ဗီယက်နမ်၊ ဟနွိုင်းမြို့တွင် အမျိုးသားပြည့်တန်ဆာ လုပ်ငန်းကို စီစဉ်လည်ပတ်နေသည်ဟု ဆိုသူ Do Van Thanh (၄၂) နှင့် အမျိုးသားပြည့်တန်ဆာ ၂ ဦးအား ရဲတပ်ဖ...

ဇန်နဝါရီ ၂၇ ရက်က ဗီယက်နမ်၊ ဟနွိုင်းမြို့တွင် အမျိုးသားပြည့်တန်ဆာ လုပ်ငန်းကို စီစဉ်လည်ပတ်နေသည်ဟု ဆိုသူ Do Van Thanh (၄၂) နှင့် အမျိုးသားပြည့်တန်ဆာ ၂ ဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။


ဖောက်သည်အမျိုးသမီး ၂ ဦးက Zalo မှတစ်ဆင့် ဆက်သွယ်ပြီး အမျိုးသားပြည့်တန်ဆာ လိုက်လံခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသူများထံမှ စစ်ဆေးရာတွင် ဖောက်သည်များက တစ်ဦးလျှင် ဒေါ်လာ ၉၆ ခန့် ပေးချေခဲ့ရပြီး ခေါင်းဆောင်က အလုပ်သမားများအား ဒေါ်လာ ၃၈ သာ ပေးကြောင်း သိရသည်။


ရဲတပ်ဖွဲ့သည် လူကုန်ကူးမှုဆိုင်ရာ ဥပဒေများအရ စီစဉ်သူ၊ ပြည့်တန်ဆာများနှင့် ဖောက်သည်များအားလုံးကို အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။



news-view-count-icon

2