back

သင်္ချိုင်းဖျက်ရာတွင် အကြောင်းမကြားဘဲလုပ်ဆောင်မှုကြောင့် ဖခင်နှင့် အစ်ကိုဖြစ်သူ အုတ်ဂူများပါသွားဟု သရုပ်ဆောင် နေထူးနိုင် ထုတ်ဖော်ပြောလာ

Jan 29 • 12:03 PM

breaking-news

မြန်မာ

မကွေး

cover

သင်္ချိုင်းဖျက်ရာတွင် အကြောင်းမကြားဘဲလုပ်ဆောင်မှုကြောင့် ဖခင်နှင့် အစ်ကိုဖြစ်သူ အုတ်ဂူများပါသွားဟု သရုပ်ဆောင် နေထူးနိုင် ထုတ်ဖော်ပြောလာ

သင်္ချိုင်းဖျက်ရာတွင် အကြောင်းမကြားဘဲလုပ်ဆောင်သွားခြင်းကြောင့် ဖခင်ဖြစ်သူနှင့်အစ်ကိုဖြစ်သူတို့၏ အုတ်ဂူများပါသွားသည့်အပေါ် စိတ်မကောင်းဖြစ်ရသည့်အကြောင်းကို သရုပ်ဆ...

သင်္ချိုင်းဖျက်ရာတွင် အကြောင်းမကြားဘဲလုပ်ဆောင်သွားခြင်းကြောင့် ဖခင်ဖြစ်သူနှင့်အစ်ကိုဖြစ်သူတို့၏ အုတ်ဂူများပါသွားသည့်အပေါ် စိတ်မကောင်းဖြစ်ရသည့်အကြောင်းကို သရုပ်ဆောင်နေထူးနိုင်က ပြောကြားသည်။ရေနံချောင်းမြို့တွင် နှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိသည့် တွင်းကုန်းရပ်ကွက်သချိုင်းကို ယခုရက်ပိုင်းအတွင်း မြေထိုးမြေကော်စက်များဖြင့် ထိုးကော်ဖျက်ဆီးပြီး သင်္ချိုင်းဖျက်သိမ်းမှုများလုပ်ဆောင်ခဲ့ရာ ၎င်း၏ဖခင်ဖြစ်သူနှင့် အစ်ကိုဖြစ်သူတို့၏ အုတ်ဂူများပါဝင်သွားခြင်းလည်းဖြစ်သည်။၎င်း၏ ဖခင်ဖြစ်သူဆုံးပါးသွားသည်မှာတစ်လကျော်ရှိသလို အစ်ကိုအကြီးဆုံးမှာလည်း ပြီးခဲ့သောနှစ်ကဆုံးပါးခဲ့ပြီး ဖခင်ဖြစ်သူနှင့် အစ်ကိုဖြစ်သူတို့ကို ခြေရင်းခေါင်းရင်းကပ်၍ ဂူသွင်းခဲ့ကြောင်း၊ ဖျက်ရမည်ဆိုပါက ကြိုတင်အကြောင်းကြားပေးရန် ဂူသွင်းခဲ့သည့်ရက်ကလည်း ပြောခဲ့ကြောင်း၊ အလှူငွေကိစ္စအတွက် ဖုန်းအဆက်အသွယ် ရှိသော်လည်း အကြောင်းကြားခြင်းမရှိဘဲ လုပ်ဆောင်သွားသည့်အပေါ် ၎င်းကစိတ်မကောင်းဖြစ်နေခြင်းလည်းဖြစ်သည်။




news-view-count-icon

13