back

တရုတ်နိုင်ငံ၊ကွမ်ကျိုး ယွိရှီးရုက္ခဗေဒဥယျာဉ်တွင် ကြာပန်းရိပ်မြုံ ဖန်တီးထား

Jan 29 • 4:44 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ၊ကွမ်ကျိုး ယွိရှီးရုက္ခဗေဒဥယျာဉ်တွင် ကြာပန်းရိပ်မြုံ ဖန်တီးထား

ယွိရှီးရုက္ခဗေဒဥယျာဉ်သည် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ ပိုင်ယွင်တောင် ရှုခင်းသာ အနောက်တောင်ခြေ၌ တည်ရှိပြီး အမျိုးသားရုက္ခဗေဒဥယျာဉ်စနစ် ကွမ်ကျိုးရွှေ့ပြောင်းရာနေရာ...

ယွိရှီးရုက္ခဗေဒဥယျာဉ်သည် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ ပိုင်ယွင်တောင် ရှုခင်းသာ အနောက်တောင်ခြေ၌ တည်ရှိပြီး အမျိုးသားရုက္ခဗေဒဥယျာဉ်စနစ် ကွမ်ကျိုးရွှေ့ပြောင်းရာနေရာ ကာကွယ်စောင့်ရှောက်ရေး စံပြဇုန်ဖြစ်သည်။ ယွိရှီးရုက္ခဗေဒဥယျာဉ်သည် စတင်တည်ဆောက်လာသည့်အချိန်မှစ၍ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပမှ ကြာပန်းမျိုးရင်းများကို ကျယ်ကျယ်ပြန့်ပြန့်စုစည်းခဲ့ပြီး ကြာပန်းမျိုးစု အပင်အရင်းအမြစ် ထိန်းသိမ်းထားမှု အရေအတွက်သည် တရုတ်နိုင်ငံတစ်ဝန်း ထိပ်တန်းနေရာ၌ ရပ်တည်လျက်ရှိသည်။ယွိရှီးရုက္ခဗေဒဥယျာဉ်သည် ဧရိယာ စတုရန်းမီတာ ၂၀,၀၀၀ ကျော်ရှိသည့် ကြာပန်းသရုပ်ပြဇုန်ကို ဖော်ဆောင်ထားရာ ရေကန်၊ မြက်ခင်း၊ ပန်းမန် ဟူသည့် အဓိကအကြောင်းအချက် ၃ ရပ်ဖြင့် “ကြာပန်းသင်းရနံ့မွှေးပျံ့၍ ပန်းပေါင်းရာချီ အရောင်အသွေးစုံလင်ခြင်း” ဟူသည့် ရှုခင်းသာကို ဖန်တီးထားသည်။

news-view-count-icon

7