တာ့ကွမ်းကျွမ့်ဈေးသစ်သည် တရုတ်နိုင်ငံ ကူမင်းမြို့၏ အဓိကမြို့ပြဧရိယာတွင် တည်ရှိရာ အကျယ်အဝန်းအားဖြင့် မူ (Mu) ၂၀ ခန့် ရှိသည်။ ဤနေရာတွင် သမားရိုးကျ အရပ်ဈေး၏ လူမှုဘဝကဏ္ဍ လုပ်ဆောင်ချက်အား ထိန်းသိမ်းထားမှုကို အခြေခံထားပြီး ယဉ်ကျေးမှုခရီးသွားကဏ္ဍပေါင်းစပ်ခြင်းမှတစ်ဆင့် ယဉ်ကျေးမှုကိုယ်တွေ့ခံစားမှု၊ ရသာမွန်စားသုံးမှုနှင့် အပန်းဖြေဖျော်ဖြေပွဲများကို တစ်သားတည်း စုစည်းထားသည့် ကဏ္ဍစုံလင်သောနေရာအဖြစ် အသွင်ပြောင်းလာရာ ယူနန်ယဉ်ကျေးမှုဓလေ့ကို ပြသသည့် သက်ဝင်လှုပ်ရှားသော ပြတင်းပေါက် ဖြစ်လာခဲ့သည်။ ခရီးသွားဧည့်သည်များသည် ဒေသန္တရယူနန်အရသာစစ်ကို မြည်းစမ်းကြည့်ခြင်း၊ ဒေသထွက်ရသာမွန် အထူးအစားအစာများကို သိရှိနိုင်ခြင်းသာမက ယူနန်၏ မြို့ပြလူနေမှုအငွေ့အသက်များကိုပါ ထဲထဲဝင်ဝင် ခံစားသိရှိနိုင်ပေသည်။ လက်ရှိယင်းဈေးကြီးတွင် ရောင်းချသူစုစုပေါင်း ၆၀၀ ကျော် ရှိပြီး နေ့စဉ် ပျမ်းမျှ ခရီးသွားဧည့်သည် စီးဆင်းမှုပမာဏသည် အကြိမ်ရေအားဖြင့် ၅ သောင်းခန့် ရှိသည်။
Jan 29 • 4:43 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 7 | 0 | 0 | 0 |


