တောင်ကိုရီးယား သမ္မတကတော်ဟောင်း ဂင်မ်ဂွမ်ဟီးကို လာဘ်ပေးလာဘ်ယူမှုနဲ့ ပြစ်မှုထင်ရှား တွေ့ရှိပြီးနောက် ဇန်နဝါရီ ၂၈ ရက်မှာ ဆိုးလ်ဗဟိုခရိုင်တရားရုံးက ထောင်ဒဏ် ၁ နှစ်နဲ့ ၈ လ ချမှတ်လိုက်ပါတယ်။ ဂင်မ်ဂွမ်ဟီးဟာ ပေါင်းစည်းရေးအသင်းတော် အမည်ရှိ ဘာသာရေးအဖွဲ့ဆီကနေ နိုင်ငံရေး မျက်နှာသာပေးမှုတွေ ပြန်လုပ်ပေးဖို့ ဝမ်သန်း ၈၀ (အမေရိကန်ဒေါ်လာ ၅၆,၀၀၀ ကျော်) တန်ဖိုးရှိတဲ့ Chanel အိတ်နှစ်လုံး၊ စိန်လည်ဆွဲနဲ့ ကိုရီးယားဂျင်ဆင်းတွေကို လာဘ်ယူခဲ့တယ် ဆိုတာကို တရားရုံးက အတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။



