back

မိုင်းဖုန်းဆရာတော်ကြီး ရှမ်းပြည်နယ်၊မန္တလေး၊‌နေပြည်တော်၊ရန်ကုန်တို့ကို သာသနာပြုခရီးစဉ်ကြွမယ်

Jan 29 • 2:08 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မိုင်းဖုန်းဆရာတော်ကြီး ရှမ်းပြည်နယ်၊မန္တလေး၊‌နေပြည်တော်၊ရန်ကုန်တို့ကို သာသနာပြုခရီးစဉ်ကြွမယ်

မိုင်းဖုန်းဆရာတော်ကြီးဟာ ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ်၊ မန္တလေး၊ နေပြည်တော်နဲ့ ရန်ကုန်တို့ကို သာသနာပြုခရီးစဉ်ကြွရောက်မှာဖြစ်တယ်လို့ ဆရာတော်ကြီးရဲ့ တပည့်ဒါယိကာတ...

မိုင်းဖုန်းဆရာတော်ကြီးဟာ ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ်၊ မန္တလေး၊ နေပြည်တော်နဲ့ ရန်ကုန်တို့ကို သာသနာပြုခရီးစဉ်ကြွရောက်မှာဖြစ်တယ်လို့ ဆရာတော်ကြီးရဲ့ တပည့်ဒါယိကာတွေဆီကနေ သိရပါတယ်။ဆရာတော်ကြီးရဲ့ သာသနာပြုခရီးစဉ်ဟာ ဖေဖော်ဝါရီ၂ရက်မှာ စတင်မှာဖြစ်ပြီး အဲဒီညမှာ ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့မှာ ညအိပ်ကျိန်းစက်မှာဖြစ်ပါတယ်။ဖေဖော်ဝါရီ၁၅ရက်မှာ မန္တလေးမြို့မှာ တစ်ည၊ ဖေဖော်ဝါရီ၁၆ရက်မှာ ပုဂံမှာ တစ်ည၊ ဖေဖော်ဝါရီ၁၇ရက်မှာ နေပြည်တော်မှာ နှစ်ည၊ ဖေဖော်ဝါရီ၁၉ရက်မှာ ရန်ကုန်မြို့ကိုကြွရောက်ပြီး သုံးည ကျိန်းစက်မှာဖြစ်တယ်လို့ သိရပါတယ်။ဆရာတော်ကြီးရဲ့ သာသနာပြုခရီးစဉ်အတွင်းမှာ လှူဒါန်းမှုတွေ ပြုလုပ်သွားမှာဖြစ်သလို တရားတော်တွေကိုလည်း ဟောကြားပေးတော်မူမှာဖြစ်တယ်လို့ သိရပါတယ်။

news-view-count-icon

76