back

AI နည်းပညာအခြေခံ လုပ်ငန်းခွင်အသုံးချမှုသင်တန်းဖွင့်ပွဲကိုနေပြည်တော်တွင်ကျင်းပ

Jan 29 • 1:35 AM

breaking-news

မြန်မာ

နေပြည်တော်

breaking-news
cover

AI နည်းပညာအခြေခံ လုပ်ငန်းခွင်အသုံးချမှုသင်တန်းဖွင့်ပွဲကိုနေပြည်တော်တွင်ကျင်းပ

နေပြည်တော်တွင် ဇန်နဝါရီ ၂၈ရက်ကတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန AI နည်းပညာ အခြေခံလုပ်ငန်းခွင်အသုံးချမှု သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသ...

နေပြည်တော်တွင် ဇန်နဝါရီ ၂၈ရက်ကတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန AI နည်းပညာ အခြေခံလုပ်ငန်းခွင်အသုံးချမှု သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။သင်တန်းဖွင့်ပွဲသို့ ယနေ့ ၂၁ ရာစု နည်းပညာခေတ်တွင် သတင်းအချက်အလက် နည်းပညာများမှာ ဒစ်ဂျစ်တယ်ပလက်ဖောင်းအသွင် အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်လျက်ရှိသကဲ့သို့ အဆိုပါပလက်ဖောင်းတွင် Artificial Intelligent(AI) နည်းပညာသည်လည်း လူသားများ၏ နေ့စဉ်ဘဝလုပ်ငန်းများတွင် မရှိမဖြစ်နည်းပညာတစ်ခုအဖြစ် နေရာယူလာပါကြောင်း၊ နိုင်ငံတကာတွင် လူ့စွမ်းအား၊ စက်မှုစွမ်းအားများလျှော့ချပြီး AI နည်းပညာနှင့်အစားထိုး၍ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် စက်မှုလက်မှုကဏ္ဍတို့တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည့်အပြင် လုံခြုံရေးနှင့် စစ်ရေးဆိုင်ရာကဏ္ဍများတွင်လည်း အသုံးပြုလာသည်ကို တွေ့ရပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တိုးတက်ပြောင်းလဲလာသော AI နည်းပညာများကို လေ့လာသင်ယူပြီး ရုံးလုပ်ငန်းခွင်နှင့် မိမိတို့၏ နေ့စဉ်ဘဝများတွင် လက်တွေ့ပြန်လည်အသုံးချနိုင်ရန် လိုအပ်ပါကြောင်းတိုက်တွန်းထားသည်။



news-view-count-icon

23