ကမ္ဘာ့ရွှေဈေး ထပ်မံ စံချိန်ချိုး မြင့်တက်လာမှုနဲ့အတူ လက်ရှိမှာ ပြည်တွင်းရှိ ပြင်ပ ရွှေဈေးဟာလည်း တရက်အတွင်း ကျပ် ခုနစ်သိန်းနီးပါး ခုန်တက်လာပြီး ကျပ် ၁၁,၂၄၀,၀၀၀ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၅,၂၇၄ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး တရက်အတွင်း တအောင်စ ဒေါ်လာ ၂၀၀ ကျော် ထပ်မံ မြင့်တက်လာတာကို တွေ့ရပါတယ်။ပြည်တွင်းမှာ အခေါက်ရွှေဈေး သိန်း ၁၀၀ ကျော်ကို စတင်မြင့်တက် ရောက်ရှိစဉ်က ရွှေအတုံး အရောင်းအဝယ်ဈေးကွက် တခုလုံး ရပ်တန့်ခဲ့ပေမယ့် ဒီရက်ပိုင်းမှာတော့ ရွှေဆိုင်ကြီးတချို့ အရောင်းအဝယ်တွေ ပြန်ဖွင့်ပေးလာပြီး ဆိုင်တချို့ကတော့ အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
| 21 | 0 | 0 | 0 |


