စင်ကာပူအမျိုးသားလေကြောင်းလိုင်း (SIA) သည် ကမ္ဘာတစ်ဝှမ်းရှိ အဓိကမြို့ကြီးများသို့ ပျံသန်းမည့် ခရီးစဉ်အရေအတွက်ကို တိုးမြှင့်သွားမည် ဖြစ်သောကြောင့် စင်ကာပူနိုင်ငံသို့ သွားရောက် ထွက်ခွာမည့် ခရီးသွားများအတွက် လာမည့်မတ်လမှစတင်၍ ရွေးချယ်စရာ အခွင့်အလမ်းများ ပိုမိုများပြားလာတော့မည် ဖြစ်သည်။ SIA သည် မတ်လနှင့် အောက်တိုဘာလအတွင်း ဘန်ကောက်၊ ရန်ကုန်၊ ဆူရာဘာယား၊ ကိုလံဘိုနှင့် တရုတ်တိုင်ပေ စသည့် လူကြိုက်များသော အာရှမြို့ကြီးများသို့ ခရီးစဉ်များ တိုးမြှင့်သွားမည်ဖြစ်သည်။ ထိုခရီးစဉ်များအနက် ဘန်ကောက်၊ ဆူရာဘာယားနှင့် ကိုလံဘိုမြို့များသို့ မတ်လ ၂၉ ရက်မှ အောက်တိုဘာ ၂၄ ရက်အတွင်း ခရီးစဉ်အရေအတွက် တိုးမြှင့်မည်ဖြစ်သည်။



