back

မကွေး၌ ပဲစင်းငုံအထွက်နှုန်း ထက်ဝက်ခန့်လျော့

Jan 28 • 12:58 PM

breaking-news

မြန်မာ

မကွေး

cover

မကွေး၌ ပဲစင်းငုံအထွက်နှုန်း ထက်ဝက်ခန့်လျော့

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်မှာ ပဲစင်းငုံစိုက်တောင်သူတွေအနေနဲ့ မိုးများတဲ့ ရာသီဥတုကို ကြုံခဲ့ရတာ ကြောင့် ပဲစင်းငုံ အထွက်နှုန်း ထက်ဝက်ခန့်လောက် လျော့ကျခဲ့တယ...

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်မှာ ပဲစင်းငုံစိုက်တောင်သူတွေအနေနဲ့ မိုးများတဲ့ ရာသီဥတုကို ကြုံခဲ့ရတာ ကြောင့် ပဲစင်းငုံ အထွက်နှုန်း ထက်ဝက်ခန့်လောက် လျော့ကျခဲ့တယ်လို့ ဒေသခံတောင်သူတွေဆီကသိရပါတယ်။‎ပဲစင်းငုံကို မေလဝန်းကျင် မိုးဦးကာလ နှမ်းတွေ စိုက်ပျိုးစဉ်ကတည်းက သီးညှပ်အဖြစ် စတင်စိုက်ပျိုးကြတာဖြစ် ပြီးပဲစင်းငုံကို သက်ငယ်မျိုး၊ သက်လတ်မျိုး၊ သက်ကြီးမျိုး ဆိုပြီး သုံးမျိုး စိုက်ပျိုးကြတာပါ။ပဲစင်းငုံတွေ စတင်ပေါ်ချိန်က တစ်တင်းကိုကျပ်(၈၀၀၀၀)ဝန်းကျင်လောက်သာဈေးရှိခဲ့ပြီး လက်ရှိအချိန်မှာ တော့ တစ်တင်းကို ကျပ်(၁၀၀၀၀၀) ကျော်အထိ ဈေးမြင့်တက်လာပါတယ်။ ပဲစင်းငုံကို အိန္ဒိယနိုင်ငံကို အဓိကတင်ပို့နေ တာဖြစ်တယ်လို့လည်း သိရပါတယ်





news-view-count-icon

15