back

ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးဌာနက လေထုညစ်ညမ်းမှု မြင့်မားမယ့်အတွက် ဇန်နဝါရီလ ၂၉ နဲ့ ၃၀ ရက်မှာ နေအိမ်ကနေ အလုပ်လုပ်ဖို့ တိုက်တွန်း

Jan 28 • 7:18 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးဌာနက လေထုညစ်ညမ်းမှု မြင့်မားမယ့်အတွက် ဇန်နဝါရီလ ၂၉ နဲ့ ၃၀ ရက်မှာ နေအိမ်ကနေ အလုပ်လုပ်ဖို့ တိုက်တွန်း

ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးဌာန (BMA) က ဇန်နဝါရီလ ၂၉ နဲ့ ၃၀ ရက်မှာ အစိုးရဌာနတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီ ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ခွင့်ပြုဖို့ (Work from home...

ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးဌာန (BMA) က ဇန်နဝါရီလ ၂၉ နဲ့ ၃၀ ရက်မှာ အစိုးရဌာနတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီ ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ခွင့်ပြုဖို့ (Work from home) အရေးပေါ် မေတ္တာရပ်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ ဘန်ကောက် မြို့တွင်း ခရိုင် ၃၅ ခုမှာ PM2.5 ဖုန်မှုန့်ပမာဏဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ လိမ္မော်ရောင်အဆင့်ထိ ရောက်ရှိလာနိုင်တာကြောင့် အခုလို စီစဉ်ရတာ ဖြစ်ပါတယ်။ဒီကာလအတွင်းမှာ ဝန်ထမ်းတွေ အိမ်ကနေ အလုပ်လုပ်နေကြောင်း သိရှိနိုင်ဖို့အတွက် BMA ရဲ့ ဝက်ဘ်ဆိုက်မှာ Work From Home partnership အဖြစ် စာရင်းပေးသွင်းကြဖို့လည်း သက်ဆိုင်ရာ ဌာနတွေနဲ့ ကုမ္ပဏီတွေကို တိုက်တွန်းထားပါတယ်။ဘန်ကောက် မြို့နေ ပြည်သူတွေအနေနဲ့ အဲဒီရက်တွေမှာ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင် လေထုသန့်စင်ပေးတဲ့ နှာခေါင်းစည်း (Mask) တွေကို ဝတ်ဆင်သွားလာကြဖို့နဲ့ အပြင်ထွက် လေ့ကျင့်ခန်းလုပ်တာတွေကို ဆင်ခြင်ဖို့ BMA က အကြံပြုထားပါတယ်။ကျန်းမာရေးချို့တဲ့သူတွေအနေနဲ့ အပြင်မထွက်သင့်သလို အသက်ရှူရခက်ခဲတာမျိုး ဖြစ်လာရင် ဆရာဝန်နဲ့ ချက်ချင်း ပြသသင့်ပါတယ်။ လေထုညစ်ညမ်းမှု အခြေအနေတွေကို BMA Facebook စာမျက်နှာနဲ့ Department of Environment စာမျက်နှာတွေကနေတဆင့် အနီးကပ် စောင့်ကြည့်နိုင်သလို ဖုန်းနံပါတ် 02 203 2951 ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

news-view-count-icon

12