နီပါးရ်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုရှိ၊ မရှိကို ဓာတ်ခွဲစစ်ဆေး သိရှိနိုင်ရန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနနှင့်ပြည်သူ့ ဆေးရုံများတွင် စစ်ဆေးကုသ နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိကြောင်းကျန်းမာရေးဝန်ကြီးဌာနမှသတင်းဌာနများ၏ မေးမြန်းမှုအပေါ် ကျန်းမာရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားထားသည်။ မြန်မာနိုင်ငံတွင် နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများကြောင့် ဖြစ်ပွားတတ်သည့် လတ်တလော ဦးနှောက်ရောင်ရောဂါလက္ခဏာစု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါတယ်။



