နေပြည်တော်တွင် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများဆိုင်ရာ ပြည်သူအခြေပြု အသေးစားစီးပွားရေးလုပ်ငန်းများ သရုပ်ပြတည်ထောင်ခြင်းစီမံကိန်း၏ ဝါးလက်မှုထုတ်ကုန်ပစ္စည်းအမျိုးမျိုး စျေးကွက်မြှင့်တင်ရေးနှင့် အရောင်းပြပွဲကို ယနေ့နံနက် ၉ နာရီတွင် Kumudra Grand Ballroom, Hotel Max, Naypyitaw ၌ ကျင်းပသည်။ဝါးသည် ကမ္ဘာပေါ်တွင် အကြီးမြန်ဆုံးအပင်များအနက် တစ်မျိုးဖြစ်ပြီး အချိန်တိုအတွင်း အသုံးချနိုင်သော အရွယ်အစားရရှိသည့်အပြင် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏများစွာကို စုပ်ယူနိုင်ပြီး ရေတိုက်စားမှုကိုလည်း အထူးကာကွယ်ကြောင်း၊ ဝါးလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ခြေလှမ်းအသစ်ဖြစ်ရုံသာမက ရေရှည်တည်တံ့သော စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်ပြိုင်တည်း အထောက်အကူပြုနိုင်ကြောင်း၊ ထို့ပြင် စီးပွားရေးဦးတည်ချက် (၄) ရပ်အနက် တတိယဦးတည်ချက်နှင့်အညီ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တောကဏ္ဍအနေဖြင့် သစ်၊ ကြိမ်၊ ဝါး အသုံးပြုထုတ်လုပ်သော စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုမြင့်မားလာစေရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ရေး၊ ပြည်တွင်း/ ပြည်ပ စျေးကွက်များ ရရှိရေးနှင့် နည်းပညာများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ အနာဂတ်ကာလတွင် ဝါးလက်မှုကဏ္ဍကို ဆက်လက်ဖွံ့ဖြိုးစေရန် အားလုံးပူးပေါင်း လက်တွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
Jan 28 • 4:16 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 34 | 0 | 0 | 0 |


