ထိုင်းနိုင်ငံမှ Thai Pakdee Party သည် ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်သည့် မဲဆွယ်စည်းရုံးရေးဗီဒီယို၌ ၎င်းတို့ပါတီ ရွေးကောက်ပွဲအနိုင်ရပါက ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးအတွက် ဆောင်ရွက်နေသော မြန်မာ NGO များကို ဖြိုခွင်းအရေးယူသွားမည်ဟု ကတိပြုလိုက်သည်။ မြန်မာလူမျိုးများက ထိုင်းနိုင်ငံ၏ အစိတ်အပိုင်းအချို့ကို လွှမ်းမိုးသိမ်းယူလာမည်ကို စိုးရိမ်ခြင်းကြောင့်ဟု အကြောင်းပြထားပြီး၊ နာမည်ထုတ်ဖော်မပြောသည့် ထိုင်းနိုင်ငံရေးပါတီ နှစ်ခုက အဆိုပါ NGO များကို ကူညီနေသည်ဟုလည်း စွပ်စွဲပြောဆိုထားသည်။ ထို့ပြင် လက်ရှိအခြေအနေကို ဥရောပရှိ မူဆလင်ရွှေ့ပြောင်းအခြေချသူများပြားလာမှုနှင့် နှိုင်းယှဉ်ကာ အမျိုးသားရေးဝါဒဖြင့် စည်းရုံးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
Jan 28 • 4:15 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


