ရခိုင်ပြည်မှ လူမျိုးတစ်မျိုးဖြစ်သည့် မြိုလူမျိုးစုတွင် နှစ်ပေါင်းများစွာ ဝိဝါဒ ကွဲပြားနေခဲ့သော အမျိုးသားနေ့နှင့် အလံ ကို အတည်ပြုသတ်မှတ်နိုင်ခဲ့ပြီဖြစ်ကြောင်း မြိုအမျိုးသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည်။ မြိုလူမျိုးတွင် ယခင်က တန်ခူးလဆန်း ၂ ရက်နေ့နှင့် ဒီဇင်ဘာလ ၂၂ ရက်နေ့ဆိုပြီး မြိုအမျိုးသားနေ့ကို အချင်းချင်းကြားတွင် အငြင်းပွားဖွယ်ဖြစ်နေကြခြင်းဖြစ်သည်။ လက်ရှိတွင် မြိုလူမျိုးထဲက ရဟန်းရှင်ပြည်သူတစ်ရပ်လုံး၏ သဘောတူညီမှုဖြင့် ဒီဇင်ဘာလ ၂၂ ရက်နေ့ကို မြိုအမျိုးသားနေ့အဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း မြိုအမျိုးသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းက ပြောသည်။ အလံကိုလည်း ၂၀၁၇ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ပလက်ဝမြို့နယ် မိတ်စာကျေးရွာ၌ တတိယအကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့သော မြိုစာပေနှင့်ယဉ်ကျေးမှုဖော်ထုတ်ထိန်းသိမ်းရေး ပွဲတော် (Mro Sapie He Arinon Mhton Niwn Shni) တွင် ရဟန်းသံဃာများ၊ သက်ဆိုင်ရာအင်အားစုများ၊ စာပေကော်မတီများမှ ဦးဆောင်၍ ရေးဆွဲခဲ့သောအလံကို မြိုအမျိုးသားအလံအဖြစ်အသုံးပြုသွားမည်ဟု ဆိုသည်။ 
Jan 28 • 3:49 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 41 | 0 | 0 | 0 |


