တရုတ်နိုင်ငံသည် အစွန်းရောက်ရာသီဥတုနှင့် ရာသီဥတုဖြစ်ရပ်များအား ကြိုတင်ခန့်မှန်းခြင်းနှင့် သတိပေးခြင်းစွမ်းရည် မြှင့်တင်ရန်အတွက် ၂၀၂၆ ခုနှစ်တွင် ကြိုတင်ခန့်မှန်းရေးစနစ်အမျိုးအစားအသစ်တစ်ခု ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်က ဖွင့်လှစ်ခဲ့သော မိုးလေဝသလုပ်ငန်းဆိုင်ရာ အမျိုးသားညီလာခံအရ သိရသည်။တရုတ်နိုင်ငံအနေဖြင့် အရေးပေါ်သတိပေးစနစ်အသစ်တစ်ခု စမ်းသပ်လုပ်ဆောင်မည်ဖြစ်ပြီး တိုင်ဖွန်းမုန်တိုင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုခန့်မှန်းချက်များအား ပိုမိုကောင်းမွန်အောင်ပြုလုပ်ရန် ဉာဏ်ရည်တု အသုံးပြုမည်ဖြစ်ပြီး အစွန်းရောက်ရာသီဥတု ကြိုတင်ခန့်မှန်းရေးထုတ်ကုန်အသစ်များကို တီထွင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ မိုးလေဝသစီမံခန့်ခွဲရေးဌာန၏ အကြီးအကဲ ချန်ကျန့်လျင်က ပြောကြားခဲ့သည်။



