back

အောင်ပွဲရမြန်မာမသန်စွမ်းအားကစားသမားများကို ထိုင်းဘတ် ၃၅ သိန်း ၅ သောင်းချီးမြှင့်ခဲ့

Jan 28 • 3:15 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အောင်ပွဲရမြန်မာမသန်စွမ်းအားကစားသမားများကို ထိုင်းဘတ် ၃၅ သိန်း ၅ သောင်းချီးမြှင့်ခဲ့

အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲမှာ ရွှေ၊ငွေ၊ကြေးဆုတံဆိပ် (၅၉)ခု ဆွတ်ခူးခဲ့တဲ့ အောင်ပွဲရမြန်မာမသန်စွမ်းအားကစားသမားတွေကို ထိုင်းဘတ် ၃၅ သိန်း ၅ သောင်းချီးမြှင့်ခဲ...

အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲမှာ ရွှေ၊ငွေ၊ကြေးဆုတံဆိပ် (၅၉)ခု ဆွတ်ခူးခဲ့တဲ့ အောင်ပွဲရမြန်မာမသန်စွမ်းအားကစားသမားတွေကို ထိုင်းဘတ် ၃၅ သိန်း ၅ သောင်းချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းနှင့် ကမ္ဘောဇဘဏ် ဝန်ထမ်းမိသားစုများမှ မသန်စွမ်းအားကစားပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုတစ်ခုစီအတွက် ( တစ်ဦးချင်း/ အသင်းလိုက်) ထိုင်းဘတ် ၁ သိန်းစီအား မြန်မာသံရုံးသံအမတ်ကြီး ဦးဇော်ဇော်စိုးကလည်းကောင်း၊ ငွေတံဆိပ်ဆု တစ်ခုစီအတွက် ( တစ်ဦးချင်း/ အသင်းလိုက် ) ထိုင်းဘတ် ၅ သောင်းစီကို စစ်သံမှူးကြီးဗိုလ်မှူးချုပ် ဝင်းသူလင်း ကလည်းကောင်း၊ ကြေးတံဆိပ်ဆု တစ်ခုစီအတွက် ( တစ်ဦးချင်း/ အသင်းလိုက်) ထိုင်းဘတ် ၃ သောင်းစီအား သံမှူးကြီးဦးစိုးသူဟိန်းကလည်းကောင်း၊ စုစုပေါင်း ရွှေ ၂၀ ဆု ၊ ငွေ ၁၉ ဆုနှင့် ကြေး ၂၀ ဆုတို့အတွက် ထိုင်းဘတ် ၃၅ သိန်း ၅ သောင်း ကို ဗန်ကောက်မြို့ ၊ ဒွန်မောင်းလေဆိပ်မှာ ချီးမြှင့် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

news-view-count-icon

25