back

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် (၁၂၀) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် (၁၂၀) မြောက် ဧည့်သည်အား အထူးလက်ဆောင်ပေးမည်

Jan 28 • 2:51 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် (၁၂၀) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် (၁၂၀) မြောက် ဧည့်သည်အား အထူးလက်ဆောင်ပေးမည်

မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံးဖြစ်သော ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ (၁၂၀) နှစ်ပြည့် အခမ်းအနားကို လာမည့် ဇန်နဝါရီ ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါနေ့၌ ဥယျာဉ်သို...

မြန်မာနိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံးဖြစ်သော ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ (၁၂၀) နှစ်ပြည့် အခမ်းအနားကို လာမည့် ဇန်နဝါရီ ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါနေ့၌ ဥယျာဉ်သို့ လာရောက်လည်ပတ်သူများအနက် အရေအတွက် ၁၂၀ မြောက်ဖြစ်သူကို အထူးလက်ဆောင် ပေးအပ်သွားမည်ဖြစ်သည်။ ၁၉၀၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ဤဥယျာဉ်၏ နှစ်ပတ်လည်ပွဲအဖြစ် ဖေဖော်ဝါရီ ၁ ရက်မှ ၄ ရက်အထိ ဈေးရောင်းပွဲတော်၊ တေးဂီတ၊ အက၊ မျက်လှည့်နှင့် ကလေးငယ်များအတွက် ပညာပေး Talk Show အစီအစဉ်များစွာကို စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

42