back

မူဆယ်မြို့နယ် ခိုတင်ရွာမှာ ကျားဖျန့်ဂိုဏ်းတွေ လာရောက်အခြေလာချနေ

Jan 28 • 2:40 AM

breaking-news

မြန်မာ

ရှမ်း

cover

မူဆယ်မြို့နယ် ခိုတင်ရွာမှာ ကျားဖျန့်ဂိုဏ်းတွေ လာရောက်အခြေလာချနေ

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ခိုတင် (ခိုတေင်) ကျေးရွာအနီးမှာ ကျားဖျန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လာရောက်အခြေလာချနေပြီး လက်နက်ကိုင်အချို့က လုံခြုံရေးယူပေးနေ...

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ခိုတင် (ခိုတေင်) ကျေးရွာအနီးမှာ ကျားဖျန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လာရောက်အခြေလာချနေပြီး လက်နက်ကိုင်အချို့က လုံခြုံရေးယူပေးနေတယ်လို့ စုံစမ်းသိရပါတယ်။‎မူဆယ်မြို့နယ် မော်တောင်းအုပ်စု ခိုတင်ကျေးရွာရဲ့ လယ်မြေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလကတည်းက ၎င်းကျားဖျန့်တွေ ရောက်ရှိလာတာ ဖြစ်ပါတယ်။

‎၎င်းနေရာကို ရေသန့်စက်ရုံနဲ့ ဆေးလိပ်စက်ရုံသာ လုပ်ဆောင်မှာဖြစ်ကြောင်း ဒေသခံတွေကို ကျားဖျန့်ဂိုဏ်းက လိမ်လည်ထားတယ်လို့လည်း ၎င်းနေရာနဲ့ အနီးဝန်းကျင်ရွာမှာနေထိုင်ပြီး ဖြစ်စဉ်ကို သိရတဲ့ အမျိုးသားက ဆိုပါတယ်။‎ကျားဖျန်ရုံအတွင်းကို ညပိုင်းမှာသာ လူအဝင်အထွက်ရှိသလို လိုအပ်တဲ့ပစ္စည်းတွေကိုလည်း ညသန်ခေါင်ယံချိန်တွေမှသာ သယ်ယူပို့ဆောင်တာဖြစ်ကြောင်း နောက်ထပ်အမျိုးသားက ဆိုပါတယ်။

news-view-count-icon

14