back

ရှမ်းတောင်တွင် ဆိုင်ကယ်ခိုးမှု နေစဥ်လိုလို ဖြစ်ပွားနေ

Jan 28 • 2:32 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းတောင်တွင် ဆိုင်ကယ်ခိုးမှု နေစဥ်လိုလို ဖြစ်ပွားနေ

ယခုရက်ပိုင်းအတွင်းရှမ်းတောင်တွင် ဆိုကယ်သူခိုးသောင်းကျန်းနေပြီး နေ့စဥ်ခိုးယူခံရသူများစွာရှိနေကြောင်းသိရသည်။တောင်ကြီးမြို့မြစ်ရွှေလီ တည်းခိုခန်းရှေ့တွင် ဇန်နဝါရီ ...

ယခုရက်ပိုင်းအတွင်းရှမ်းတောင်တွင် ဆိုကယ်သူခိုးသောင်းကျန်းနေပြီး နေ့စဥ်ခိုးယူခံရသူများစွာရှိနေကြောင်းသိရသည်။တောင်ကြီးမြို့မြစ်ရွှေလီ တည်းခိုခန်းရှေ့တွင် ဇန်နဝါရီ ၂၇ ရက် ညနေပိုင်း ၄ နာရီ အချိန်ခန့်က ဆိုင်ကယ် Honda Wave 100 အမျိုးအစား အနက်ရောင် တစ်စီး ခိုးယူ ခံလိုက်ရကြောင်း သိရသည်။"တောင်ကြီးမှာ ဆိုင်ကယ် ပျောက်တာ နေ့တိုင်း ဖြစ်နေတယ်။ အရင်နေ့ကလည်း စျေးဝယ်နေတုန်း ခနလေး ရပ်ထားတာ ပြန်ထွက်တော့ မရှိတော့ဘူး။ အရမ်းမြန်တယ်။ သော့ခတ်ဖို့ လိုတယ်။ ဘယ် လောက်ပဲ ကြာကြာ သော့ခတ် ထားမှ စိတ်ချရမယ်ဗျာ။” ဟု ဒေသခံ တစ်ဦးက ပြောသည်။ထို့နေ့မှာပင် မနက် ၉ နာရီ ခွဲအချိန်၌ ညောင်ရွှေ မြို့မစျေးတွင်Wave Alpha လိုင်စင်ဘီးဆိုင်ကယ် တစ်စီး ခိုးယူခံရကြောင်း သိရသည်။ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက် မနက်ပိုင်း ၉ နာရီ အချိန်ခန့်တွင်တောင်ကြီး မိခင်နှင့် ကလေး ဆေးရုံ ရှေ့၌ ရပ်ထားသော ဆိုင်ကယ် Honda Wave 100 Model - 2019 အပြာ တစ်စီး ပျောက်ဆုံးခဲ့ကြောင်း သိရသည်။ထို မိခင်နှင့် ကလေး ဆေးရုံတွင် မော်တော် ဆိုင်ကယ် ပျောက်ဆုံးမှု အမြဲတမ်း ကြုံတွေ့နေရပြီး ၊ သူခိုး များကို တားဆီးနိုင်ခြင်း မရှိကြောင်း သိရသည်။မော်တော်ဆိုင်ကယ်များတွင် GPS များတပ်ဆင်ကြရန် ၊ ပျောက်ဆုံးလျှင် ပြန်လည် ရှာဖွေရ လွယ်ကူကြောင်း တချို့က အကြံပေးထားကြသည်။

news-view-count-icon

19