ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့သည် ၂၀၂၆ ခုနှစ်အတွက် (၅) ကြိမ်မြောက် အာဆီယံသန့်ရှင်းသော ခရီးသွားမြို့တော်ဆု (ASEAN Clean Tourist City Award) ကို ရရှိခဲ့သည့်အပြင် ၂၀၂၅ ခုနှစ်အတွက် (၆) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသောမြို့ကြီးများဆုကိုလည်း ထပ်မံဆွတ်ခူးနိုင်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ သဘာဝအခြေခံ ခရီးသွားအရင်းအမြစ်များ ပေါကြွယ်ဝသည့် ဘားအံမြို့သို့ ၂၀၂၅ ခုနှစ်အတွင်း ပြည်တွင်းပြည်ပခရီးသည် ၆ သိန်း ၉ သောင်းကျော်အထိ လာရောက်လည်ပတ်ခဲ့သဖြင့် ယခင်နှစ်ထက် သိသာစွာတိုးတက်လာပြီး ဟိုတယ်နှင့် တည်းခိုရိပ်သာကဏ္ဍမှ ဝင်ငွေသည် ၉၄ ဒသမ ၆၃ ရာခိုင်နှုန်းအထိ စံချိန်တင်တိုးတက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
| 75 | 0 | 0 | 0 |


