back

မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲ ကျင်းပမည်

Jan 27 • 8:22 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲ ကျင်းပမည်

မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲကို လာမဲ့ မတ်လ(၁)ရက်မှာ ကျင်းပမှာ ဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့ကနေ သိရပါတယ်။အခုပြိုင်...

မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲကို လာမဲ့ မတ်လ(၁)ရက်မှာ ကျင်းပမှာ ဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့ကနေ သိရပါတယ်။အခုပြိုင်ပွဲကို (၁၀)နှစ်တာ ရွှေလီ-မာရသွန် ပေါက်ဖော်မေတ္တာနဲ့ “The Belt and Road” ပုံရိပ်သစ်ကို ရေးဆွဲမယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအမျိုးအစားတွေအဖြစ် မာရသွန်နှင့်တစ်ဝက်မာရသွန် ပြိုင်ပွဲတွေ ပါဝင်မှာဖြစ်ပြီး ယူနန်ပြည်နယ်၊ ရွှေလီမြို့ကနေ စတင်တာလွှတ်မှာ ဖြစ်ပါတယ်။ပြိုင်ပွဲကျင်းပချိန်မှာ အမှတ် (၈၁)နယ်စပ်မှတ်တိုင်အနီးမှာ သီဆိုကပြ ဖျော်ဖြေမှုတွေ၊ ဘာသာစကား(၂)မျိုးနဲ့ အားပေးမှုတွေကို နိုင်ငံအသီးအသီးက ပြိုင်ပွဲဝင်တွေကို ကြိုဆိုသွားမှာ ဖြစ်တယ်လို့ သိရပြီး ပြိုင်ပွဲဝင် ဦးရေ လေး ထောင်လောက် ပါဝင်မှာ ဖြစ်ပါတယ်။အခုအကြိမ်ပြိုင်ပွဲမှာ ပေးအပ်ချီးမြှင့်မဲ့ အမှတ်တရဆုတံဆိပ်ကို နှစ်နိုင်ငံ ဒီဇိုင်နာတွေက အတူတကွ ဖန်တီးခဲ့ကြပြီး တစ်မူထူးခြားတဲ့ မြန်မာ့ယဉ်ကျေးမှု အကြောင်းအရာတွေနဲ့ ပေါင်းစပ်ထားတယ်လို့ သိရပါတယ်။

news-view-count-icon

21