အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းတွင် အင်္ဂါနေ့ (၀၁:၂၀ ဂရင်းနစ်စံတော်ချိန်) က ပြင်းအား 5.7 အဆင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျာမန်ဘူမိသိပ္ပံသုတေသနစင်တာ က ထုတ်ပြန်ခဲ့သည်။ အဆိုပါငလျင်သည် မြေအောက်အနက် 120.8 ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ငလျင်ဗဟိုချက်မှာ တောင်လတ္တီတွဒ် 8.07 ဒီဂရီ နှင့် အရှေ့လောင်ဂျီတွဒ် 111.36ဒီဂရီ ဝန်းကျင်တွင် တည်ရှိကြောင်း သိရသည်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုနှင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း ရှိ၊ မရှိကိုမူ အသေးစိတ် ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရပါသည်။
Jan 27 • 7:32 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 21 | 0 | 0 | 0 |


