တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်၏ ထင်ရှားသော အားကစားပွဲတစ်ခုဖြစ်သည့် ယန်လျင် kမာရသွန်အပြေးပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ်မှ စတင်ကာ နှစ်စဉ်ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က အပြေးသမားပေါင်း ၂၀,၀၀၀ ခန့်အထိ ပါဝင်ဆင်နွှဲခဲ့ကြပြီး အမျိုးသားချန်ပီယံအဖြစ် ဝမ်ကျားဟောင်နှင့် အမျိုးသမီးချန်ပီယံအဖြစ် ဟွမ်ဖေးတို့က အသီးသီး အနိုင်ရရှိခဲ့ကြသည်။ ယခုနှစ်တွင်လည်း ယန်လျင် စိုက်ပျိုးရေးအဆင့်မြင့်နည်းပညာ စက်မှုဇုန်တစ်လျှောက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရပါသည်။
Jan 27 • 7:30 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 7 | 0 | 0 | 0 |


