back

နီပါဗိုင်းရပ်စ် မြန်မာနိုင်ငံမှာ ကူးစက်မှု မရှိသေးပေမယ့် ရောဂါသယ်ဆောင်တဲ့ လင်းနို့တွေ ရှိတာကြောင့် ရောဂါဖြစ်ပါက ကာကွယ်ထိန်းချုပ်နိုင်ဖို့ စီစဥ်နေ

Jan 27 • 7:19 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

နီပါဗိုင်းရပ်စ် မြန်မာနိုင်ငံမှာ ကူးစက်မှု မရှိသေးပေမယ့် ရောဂါသယ်ဆောင်တဲ့ လင်းနို့တွေ ရှိတာကြောင့် ရောဂါဖြစ်ပါက ကာကွယ်ထိန်းချုပ်နိုင်ဖို့ စီစဥ်နေ

နီပါဗိုင်းရပ်စ် Nipah virus က လက်ရှိ မြန်မာနိုင်ငံမှာ ကူးစက်ဖြစ်ပွားခြင်း မရှိသေးပေမယ့် Nipah virus သယ်ဆောင်တဲ့ လင်းနို့က ဒေသတွင်း ကျက်စားမှု ရှိတဲ့အတွက် ရော...

နီပါဗိုင်းရပ်စ် Nipah virus က လက်ရှိ မြန်မာနိုင်ငံမှာ ကူးစက်ဖြစ်ပွားခြင်း မရှိသေးပေမယ့် Nipah virus သယ်ဆောင်တဲ့ လင်းနို့က ဒေသတွင်း ကျက်စားမှု ရှိတဲ့အတွက် ရောဂါကူးစက်ဖြစ်ပွားမှုရှိပါက အချိန်နဲ့ တပြေးညီ ကာကွယ်ထိန်းချုပ်နိုင်ဖို့ အတွက် စီစဥ် ဆောင်ရွက်နေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ လက်ရှိမှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်ဝင်ထွက်ဂိတ်တွေမှာ သံသယ ရောဂါလက္ခဏာရှိမရှိကို စောင့်ကြပ်ကြည့်ရှုဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ဖျားနာခြင်း ၊ စိတ်အခြေအနေ ပြောင်းလဲခြင်း (စိတ်ရှုပ်ထွေးခြင်း၊ သတိလွတ်ခြင်း၊ သတိလစ်ခြင်း၊ စကားမပြောနိုင်ခြင်း) နဲ့ အဖျားကြီးခြင်းကြောင့် မဟုတ်ဘဲ တက်ခြင်း အစရှိတဲ့ လတ်တလော ဦးနှောက်ယောင်ခြင်း လက္ခဏာစုနဲ့ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းအစရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ ခံစားရတဲ့ လူနာတွေ့ရှိပါကလည်း လိုအပ်တဲ့ ဆေးကုသမှု ခံယူနိုင်စေဖို့ နီးစပ်ရာ ဆေးရုံကို လွှဲပြောင်း ကုသမှု ခံယူစေရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။ လူနာအိမ်နဲ့ ပတ်ဝန်းကျင်မှာ ဖျားနာသူ ရှိ/မရှိ ရှာဖွေခြင်း ၊ ရောဂါဖြစ်ပွားမှု ဒေသတွင်းကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုခြင်း ၊ သတင်းပေးပို့ခြင်း ဆောင်ရွက်ရန်၊ လင်းနို့ နေထိုင်ကျက်စားမှု ရှိ/မရှိ နဲ့ ဝက်အစရှိတဲ့ တိရိစ္ဆာန်တွေ အစုလိုက် နေမကောင်းခြင်း သေဆုံးမှုရှိ/မရှိ စုံစမ်းစစ်ဆေးခြင်း ၊ ရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့လည်း စီစဥ်ထားတယ်လို့ သိရပါတယ်။ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့လည်း သံသယလူနာကို ထိတွေ့ကိုင်တွယ်ရာမှာ ပါးစပ်နဲ့ နှာခေါင်းစည်း ၊ လက်အိတ်နှစ်ထပ် နဲ့ PPE ကို စနစ်တကျ ဝတ်ဆင်ရမှာ ဖြစ်သလို အစားအစာ ဘေးကင်းရေးအတွက် လူနာနေထိုင်ရာပတ်ဝန်းကျင်မှာ လင်းနို့ကိုက်ထားတဲ့ အသီးတွေ မစားရန်၊ အုန်းရည်/ထန်းရည်ကို အစိမ်းမသောက်ရန်နဲ့ ကျိုချက်ပြီးမှ သောက်ရန်၊ အစာမစားမီနဲ့ လက်ကို မကြာခဏဆေးကြောနိုင်ရေး ပညာပေးဖို့ပါ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ လူနာအသုံးအဆောင်ပစ္စည်းတွေနဲ့ လူနာနေထိုင်ရာ နေအိမ်၊ ပတ်ဝန်းကျင်ကို ပိုးသတ်သန့်စင်ရန်၊ သံသယလူနာထံမှ လည်ချောင်းနဲ့ အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာ ရယူပြီး ဓာတ်ခွဲ နမူနာပေးပို့တဲ့ စံလုပ်ထုံးလုပ်နည်း နဲ့အညီ စနစ်တကျထုပ်ပိုးပြီး အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ကို ပေးပို့ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ လိုအပ်သော ဆေးနဲ့ ဆေးပစ္စည်း ၊ တစ်ကိုယ်ရေကာကွယ်ရေးသုံး ပစ္စည်းကို တင်ပြတောင်းခံဖို့ ပြင်ဆင်ထားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ နီပါဗိုင်းရပ်စ်က လင်းနို့ကနေ အဓိက ကူးစက်တာဖြစ်လို့ ရောဂါပိုးရှိတဲ့ လင်းနို့ရဲ့ တံတွေး၊ ဆီး၊ သွေး နဲ့ ထိတွေ့ခြင်း၊ လင်းနို့ စားထားတဲ့ အစားအသောက်၊ အသီးအနှံကို စားသုံးမိခြင်းကမှ ဝက်နဲ့ လူကို ကူးစက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ လူ မှ လူကိုလည်း ရောဂါကူးစက်နိုင်ကြောင်း ၊ ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ (ဥပမာ-တံတွေး၊ သွေး၊ ဆီး) နဲ့ တိုက်ရိုက်ထိတွေ့မိခြင်း၊ ရောဂါပိုးကပ်ငြိနေတဲ့ အသီးအနှံကို စားမိတဲ့ ဝက်မှလည်း လူကို ထိတွေ့စားသုံးမိခြင်းတို့မှလည်း ကူးစက်နိုင်တယ်လို့ သိရပါတယ် ။


news-view-count-icon

23