ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက မီးခိုးမြူငွေ့ထိန်းချုပ်ရေးနှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာများကို အသီးသီးဆွေးနွေးခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီးက နယ်စပ်ဒေသ မီးခိုးမြူငွေ့လျော့ပါးစေရန် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကာ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာရေးယာဉ်နှင့် တိုင်းတာမှုမှတ်တမ်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
Jan 27 • 7:14 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 11 | 0 | 0 | 0 |


