back

နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောအရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အမေရိကန်နှင့် တောင်ကိုရီးယား သဘောတူ

Jan 27 • 6:04 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောအရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အမေရိကန်နှင့် တောင်ကိုရီးယား သဘောတူ

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စီး ပိုင်ဆိုင်ရေး ဆိုးလ်၏ ကြိုးပမ်းမှုကို ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် သွားရန် မူဝါဒဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံ ...

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စီး ပိုင်ဆိုင်ရေး ဆိုးလ်၏ ကြိုးပမ်းမှုကို ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် သွားရန် မူဝါဒဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံ ခြားရေးဝန်ကြီး အဲလ်ဘရစ်ကိုလ်ဘီနှင့် တောင်ကိုရီးယား ကာ ကွယ်ရေးဝန်ကြီး အန်းဂျူဘက်တို့က ယနေ့ဆွေးနွေးပွဲတွင် သဘောတူခဲ့ကြသည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။မြောက်ကိုရီးယားအား ဟန့်တားရာတွင် တောင်ကိုရီးယားကို ဦးဆောင်အခန်းကဏ္ဍမှ ပိုမိုပါဝင်စေလိုကြောင်း ဝါရှင်တန်က အချက်ပြထားစဉ် ကိုလ်ဘီက တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကိစ္စ ပူးပေါင်းဆောင်ရွက်မှုသည် ကိုရီးယားကျွန်းဆွယ်အား ကာကွယ်ရာ၌ တောင်ကိုရီးယား၏ ဦးဆောင်နိုင်စွမ်းကို ခိုင်မာစေပြီး လုံခြုံရေးမဟာမိတ်ဖွဲ့မှုကို မြှင့်တင်ပေးမည့် ခြေလှမ်းအ ဖြစ် နှစ်ဖက်စလုံးက ရှုမြင်ကြသည်ဟု တောင်ကိုရီးယားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားသည်။မြောက်ကိုရီးယားအား ဟန့်တားရာတွင် တောင်ကိုရီးယားက ပို၍အရေးပါသောနေရာမှ ပါဝင်ပြီး အမေရိကန်က အ ကန့်အသတ်နှင့်သာ ပါဝင်ရန် မျှော်လင့်ထားကြောင်း အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က သောကြာနေ့တွင် ထုတ်ပြန်ခဲ့သော အမျိုးသားလုံခြုံရေး မဟာဗျူဟာသစ်တွင် ဖော်ပြထားသည်။စစ်ပွဲကာလ စစ်ဆင်ရေး ကွပ်ကဲထိန်းချုပ်မှုကို ဆိုးလ်အားလွှဲပြောင်းပေးရေးကိစ္စ တိုးတက်မှုမြန်ဆန်စေရန်လည်း အန်းက တွန်းအားပေးခဲ့ပြီး မဟာမိတ်နောက်ဆက်တွဲ အစီအစဉ်များတွင် ပိုမို၍ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိုလည်း ကာကွယ်ရေးဝန်ကြီး အန်းက ပြောကြားခဲ့ကြောင်း သိရသည်။တောင်ကိုရီးယားသည် အမေရိကန်၏ ဒေသတွင်းမဟာဗျူဟာနှင့်အညီ ကာကွယ်ရေးအတွက် ပိုမိုသုံးစွဲရန် စိတ်ပိုင်းဖြတ်ထားသော စံပြမဟာမိတ်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဟု ပင်တဂွန်၏ ထိပ်တန်းကာကွယ်ရေးနှင့် နိုင်ငံခြားရေးမူဝါဒ အရာရှိကြီးဖြစ်သူ ကိုလ်ဘီက ၎င်း၏ X လူမှုကွန်ရက်ပို့စ်တွင် ရေးသား ချီးကျူးခဲ့သည်။



news-view-count-icon

6