ဂါဇာကမ်းမြောင်ဒေသ၌ နောက်ဆုံးကျန်ရှိနေသော ဓားစာခံကို ရှာဖွေရေးအတွက် အကြီးစား စစ်ဆင်ရေးတစ်ခု စတင်နေပြီဖြစ်ကြောင်း အစ္စရေးအစိုးရက ဇန်နဝါရီ ၂၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ဂါဇာကမ်းမြောင်ဒေသ၌ နောက်ဆုံးကျန်ရှိနေသော ဓားစာခံဖြစ်သည့်ရန်းဗီလီအမည်ရှိ အမျိုးသားအား ပြန်လည်ရယူနိုင်ရေးသည် ဂါဇာဒေသ၏ရာဖာနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ရေးနှင့် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ဒုတိယအဆင့်ကို အကောင်အထည်ဖော်ရေးတို့အတွက် အဓိက အဟန့်အတားအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။နောက်ဆုံးဓားစာခံ ရန်းဗီလီကို ရှာဖွေရေးအတွက် အစ္စရေးစစ်ဘက်က ဂါဇာကမ်းမြောင် ဒေသ၌ အကြီးစားစစ်ဆင်ရေးတစ်ခု ပြုလုပ်နေပြီဖြစ်ကြောင်း အစ္စရေးအစိုးရ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
နောက်ဆုံးဓားစာခံ ရန်းဗီလီကို ရယူပြီးပါက အမေရိကန်အစိုးရနှင့်သဘောတူညီထားသည့်အတိုင်း ဂါဇာကမ်းမြောင်ဒေသ၏ ရာဖာနယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးမည်ဖြစ်ကြောင်း အစ္စရေးအစိုးရ တာဝန်ရှိသူများက ပြောကြားသည်။၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် စတင် အာဏာသက်ဝင်ခဲ့သောဂါဇာကမ်းမြောင် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ပထမအဆင့်အရဟားမားစ်အုပ်စုအနေဖြင့် ၎င်းတို့ဖမ်းဆီးထားသော လက်ကျန်ဓားစာခံ အားလုံးကို အသက်ရှင်လျက်ပင်ဖြစ်စေ၊ ရုပ်အလောင်းပင်ဖြစ်စေ အစ္စရေးသို့ ပြန်လည်ပေးအပ်ရမည်။နောက်ဆုံး ဓားစာခံ ရန်းဗီလီ၏ ရုပ်အလောင်းကို ဂါဇာစီးတီးမြို့တော်ရှီဂျိုင်ရာ-တက်ဖာနယ်မြေ တစ်နေရာ၌ ဟားမားစ်အုပ်စုက မြှုပ်နှံထားဖွယ်ရှိကြောင်း အစ္စရေးစစ်ဘက်ကယုံကြည်ထားသည်။



