back

ထိုင်းတွင် နီပါ (Nipah) ဗိုင်းရပ်စ်ထိန်းချုပ်ရေး အစီအမံများ စတင်ခဲ့

Jan 27 • 4:39 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် နီပါ (Nipah) ဗိုင်းရပ်စ်ထိန်းချုပ်ရေး အစီအမံများ စတင်ခဲ့

ထိုင်းနိုင်ငံတွင် နီပါ(Nipah)ဗိုင်းရပ်စ် ကူးစက်ခံရမှုမရှိစေရေးအတွက်ကြိုတင်ပြင်ဆင်သည့်အနေဖြင့် နီပါဗိုင်းရပ်စ် ထိန်းချုပ်ရေး အစီအမံများကိုစတင်ဆောင်ရွက်နေပြီဖြစ်က...

ထိုင်းနိုင်ငံတွင် နီပါ(Nipah)ဗိုင်းရပ်စ် ကူးစက်ခံရမှုမရှိစေရေးအတွက်ကြိုတင်ပြင်ဆင်သည့်အနေဖြင့် နီပါဗိုင်းရပ်စ် ထိန်းချုပ်ရေး အစီအမံများကိုစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဗန်ကောက်ပို့စ် သတင်းဌာန၏ ဇန်နဝါရီ၂၆ ရက်တွင် ရေးသားဖော်ပြချက်အရ သိရသည်။ထိုင်းနိုင်ငံအတွင်း နီပါဗိုင်းရပ်စ် ကူးစက်ပြန့်ပွား မှုကို တားဆီးရန်အတွက် ယခင်က ဖြစ်ပွားခဲ့သည့် ကိုဗစ်(၁၉)ကူးစက်မြန်ရောဂါကာကွယ်တိုက်ဖျက်ရေးတွင်ကျင့်သုံးခဲ့သောရောဂါထိန်းချုပ်ရေးစည်း မျဉ်းများကို ပြန်လည်အသက်သွင်းလိုက်ပြီဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြ

ထားသည်ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နီပါဗိုင်းရပ်စ် အခြေအနေနှင့်ပတ်သက်သည့်ထုတ်ပြန်ချက်များကို အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူများအားအသိပေး နှိုးဆော်ထားသည်။ထိုင်းနိုင်ငံတွင် နီပါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလာပါက အသုံးပြုနိုင်ရန် အတွက်ဆေးရုံများနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများတွင် အထူးကုဝန်ထမ်းများ၊ သီးသန့်လူနာဆောင်များ၊ ဆေးဝါးနှင့် အခြားဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းများကို အဆင်သင့် ပြင်ဆင်ထားရန်တို့ကိုလည်း အစိုးရက ညွှန်ကြား ထားပြီးဖြစ်ကြောင်း သိရသည်။ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့်ဇန်နဝါရီ ၂၅ ရက်မှ စတင်ကာ အိန္ဒိယနိုင်ငံမှ လာ

ရောက်သည့် ခရီးသည်များကို ရောဂါစစ် ဆေးမှုများစတင်လုပ်ဆောင်နေကြောင်းနှင့် သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ ဖူးခက်နှင့် ချင်းမိုင် စသည့် လေဆိပ်များတွင်လည်း စစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်းသိရသည်။



news-view-count-icon

9