back

မန္တလေး ကုန်စုံဆိုင်များ၌ သကြား ဝယ်ယူသူလျော့ကျလာလို့ သကြားတင်ရောင်းမှု လျှော့ချလာ

Jan 27 • 4:36 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေး ကုန်စုံဆိုင်များ၌ သကြား ဝယ်ယူသူလျော့ကျလာလို့ သကြားတင်ရောင်းမှု လျှော့ချလာ

မန္တလေးတွင် ယခုနောက်ပိုင်းတွင် သကြားစားသုံးမှုလျော့ကျသွားသလို ကုန်စုံဆိုင်အချို့တွင် သကြားရောင်းချမှု ပုံမှန်ထက်လျှော့ချလာကြောင်း စားသောက်ကုန်လက်လီလက်ကား အရောင်...

မန္တလေးတွင် ယခုနောက်ပိုင်းတွင် သကြားစားသုံးမှုလျော့ကျသွားသလို ကုန်စုံဆိုင်အချို့တွင် သကြားရောင်းချမှု ပုံမှန်ထက်လျှော့ချလာကြောင်း စားသောက်ကုန်လက်လီလက်ကား အရောင်းဆိုင်များမှ သိရသည်။သကြားစားသုံးမှုလျှော့ချသည့်အလေ့အထတွင်တွင်ကျယ်ကျယ်ပြုလုပ်လာကြပြီးနောက်ပိုင်း၊ ပြည်တွင်း၌ သကြားစားသုံးမှုလျော့ကျလာသဖြင့် ကုန်စုံဆိုင်များဘက်က ဆိုင်တင်ရောင်းချမှုလျှော့ချလာခြင်းဖြစ်ကြောင်း မန္တလေးမြို့ရှိလက်ကားကုန်စုံဆိုင်လုပ်ငန်းရှင်အချို့က ဆိုသည်။ပြည်တွင်းတွင် နှစ်စဉ်သကြားတန်ချိန် ငါးသိန်းဝန်းကျင်အထိထွက်ရှိပြီး ဗီယက်နမ်နိုင်ငံသို့ အများဆုံးတင်ပို့နေကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

news-view-count-icon

83