ထိုင်းနိုင်ငံ၊ နာခွန်ရစ်ချာဆီးမား (ခိုရတ်) မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ (13th ASEAN Para Games) ပိတ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းတွင် Majesty the King’s 80th Birthday Anniversary Stadium ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အခမ်းအနားတွင် အနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ အထိမ်းအမှတ်အလံ လွှဲပြောင်းပေးအပ်မှုများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းတို့ဖြင့် ရုပ်သိမ်းခဲ့ပြီး ၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် (၁၄) ကြိမ်မြောက်ပြိုင်ပွဲကို မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် ဆက်လက်လက်ခံကျင်းပသွားမည်ဖြစ်သည်။ ယခုပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် အားကစားနည်း ၁၁ နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေ ၂၀၊ ငွေ ၁၉ နှင့် ကြေး ၂၀ စုစုပေါင်း ဆုတံဆိပ် ၅၉ ခု ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် (၆) နေရာတွင် အောင်မြင်စွာ ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
Jan 27 • 4:18 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


