back

စင်ကာပူ Hougang Bus Interchange မှာ ဝှီးချဲပေါ်က ကောင်လေးကို အနောက်ကနေ ခေါင်းကိုရိုက်ခဲ့တဲ့ အိမ်အကူအမျိုးသမီး

Jan 27 • 4:10 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူ Hougang Bus Interchange မှာ ဝှီးချဲပေါ်က ကောင်လေးကို အနောက်ကနေ ခေါင်းကိုရိုက်ခဲ့တဲ့ အိမ်အကူအမျိုးသမီး

စင်ကာပူနိုင်ငံ၊ Hougang Central Bus Interchange တွင် ဇန်နဝါရီလ ၂၃ ရက်နေ့က ဝှီးချဲစီးထားသည့် ကောင်လေးတစ်ဦးကို အိမ်အကူအမျိုးသမီးတစ်ဦးက ခေါင်းကို ခပ်ပြင်းပြင်းရိုက...

စင်ကာပူနိုင်ငံ၊ Hougang Central Bus Interchange တွင် ဇန်နဝါရီလ ၂၃ ရက်နေ့က ဝှီးချဲစီးထားသည့် ကောင်လေးတစ်ဦးကို အိမ်အကူအမျိုးသမီးတစ်ဦးက ခေါင်းကို ခပ်ပြင်းပြင်းရိုက်နှက်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး အများပြည်သူအကြား ပြင်းထန်စွာ ဝေဖန်မှုများ ထွက်ပေါ်နေသည်။ ဘတ်စ်ကားပေါ်သို့ ဝှီးချဲတင်ရန် ကြိုးပမ်းစဉ် ဘရိတ်မိနေ၍ ရွှေ့မရဖြစ်နေသည်ကို အမျိုးသမီးက စိတ်မရှည်ဘဲ ကလေး၏ဦးခေါင်းကို ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ဆိုသည်။ လက်ရှိတွင် အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် လုပ်ဆောင်နေပြီး၊ အင်တာနက်အသုံးပြုသူများကလည်း ယင်းအမျိုးသမီးကို အလုပ်သမားဝန်ကြီးဌာန (MOM) မှတစ်ဆင့် ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုလျက်ရှိကြသည်။

news-view-count-icon

9