back

ဘန်ကောက်မြို့၌ PM 2.5 လေထုညစ်ညမ်းမှု ကျန်းမာရေးထိခိုက်နိုင်သည့်အဆင့်သို့ မြင့်တက်လာနိုင်ကြောင်း သတိပေး

Jan 27 • 4:09 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်မြို့၌ PM 2.5 လေထုညစ်ညမ်းမှု ကျန်းမာရေးထိခိုက်နိုင်သည့်အဆင့်သို့ မြင့်တက်လာနိုင်ကြောင်း သတိပေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် အနီးတစ်ဝိုက်တွင် လာမည့် ဖေဖော်ဝါရီလ ၁ ရက်မှ ၄ ရက်နေ့အတွင်း လေထုအရည်အသွေး ပိုမိုဆိုးရွားလာနိုင်ကြောင်း လေထုညစ်ညမ်းမှုထိန်းချုပ်...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် အနီးတစ်ဝိုက်တွင် လာမည့် ဖေဖော်ဝါရီလ ၁ ရက်မှ ၄ ရက်နေ့အတွင်း လေထုအရည်အသွေး ပိုမိုဆိုးရွားလာနိုင်ကြောင်း လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဌာန (PCD) က သတိပေးချက်ထုတ်ပြန်လိုက်သည်။ လက်ရှိတွင် ဘန်ကောက်အပါအဝင် ပြည်နယ် ၁၃ ခု၌ PM 2.5 အမှုန်အဆင့်မှာ ဘေးကင်းလုံခြုံရေးစံနှုန်း ၃၇.၅ µg/m³ ထက်ကျော်လွန်ကာ ၆၂.၁ µg/m³ အထိ မြင့်တက်နေပြီး ကျန်းမာရေးထိခိုက်နိုင်သည့် လိမ္မော်ရောင်အဆင့်သို့ ရောက်ရှိနေသည်။ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးမှူး မစ္စတာချက်ချာ့က လေထုညစ်ညမ်းမှု လျှော့ချနိုင်ရန်အတွက် ကုမ္ပဏီဝန်ထမ်းများကို အိမ်မှအလုပ်လုပ်ရန် (WFH) တောင်းဆိုသွားဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ၌ ၂၀၂၅ ခုနှစ်အတွင်း PM 2.5 နှင့် ဆက်စပ်သောရောဂါများကြောင့် လူပေါင်း ၁၀ သန်းခန့် ဆေးရုံတက်ကုသခဲ့ရသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများက "လေသန့်ဥပဒေ" ကို အမြန်ဆုံးပြဋ္ဌာန်းရန်နှင့် ထိခိုက်လွယ်သောအုပ်စုများအတွက် အကာအကွယ်ပစ္စည်းများ အခမဲ့ထောက်ပံ့ပေးရန် အစိုးရကို တိုက်တွန်းလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

18