back

တရုတ်နှင့် အာဆီယံ ပညာရှင်များက အေအိုင် အရေးဆွေးနွေး

Jan 27 • 4:06 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နှင့် အာဆီယံ ပညာရှင်များက အေအိုင် အရေးဆွေးနွေး

တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပညာရှင်၊ ကိုယ်စားလှယ် ၁၀၀ ကျော်သည် ၂၀၂၆ ခုနှစ် တရုတ်-အာဆီယံ အေအိုင် (AI) စွမ်းဆောင်ရည်မြှင့်တင်ရေး လေ့ကျင့်သင်တန်း...

တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပညာရှင်၊ ကိုယ်စားလှယ် ၁၀၀ ကျော်သည် ၂၀၂၆ ခုနှစ် တရုတ်-အာဆီယံ အေအိုင် (AI) စွမ်းဆောင်ရည်မြှင့်တင်ရေး လေ့ကျင့်သင်တန်းနှင့် အဆင့်မြင့်ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရ်မြို့၌ ကျင်းပခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် AI နည်းပညာသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုဘဝအပေါ် နက်ရှိုင်းစွာ လွှမ်းမိုးလာမှု၊ ဆိုင်ဘာလုံခြုံရေးနှင့် ကျင့်ဝတ်ဆိုင်ရာ စိန်ခေါ်မှုများကို ဘုံသဘောတူညီချက်ဖြင့် ဖြေရှင်းနိုင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ တရုတ်သိပ္ပံအကယ်ဒမီမှ ပါမောက္ခများနှင့် ယူနက်စကို ကိုယ်စားလှယ်များအပြင် အာရှနှင့် ပစိဖိတ်ဒေသ အင်ဂျင်နီယာအဖွဲ့အစည်းများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ကျော်မြတ်တို့ကလည်း AI စွမ်းဆောင်ရည်မြှင့်တင်ရေးသည် အာဆီယံအတွက် အရေးကြီးသော အလှည့်အပြောင်းဖြစ်ကြောင်းနှင့် တရားမျှတသော အုပ်ချုပ်မှုစနစ်ဖြစ်ပေါ်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း အသီးသီးအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

7