back

ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၌ ကိုယ်စားလှယ်လောင်း(၉၈၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့

Jan 27 • 4:05 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၌ ကိုယ်စားလှယ်လောင်း(၉၈၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်အထိ ၃ ဆင့်ခွဲ၍ ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ...

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်အထိ ၃ ဆင့်ခွဲ၍ ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၉၈၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းအတွင်း မဲဆန္ဒရှင် ၄.၉ သန်းကျော်အတွက် မဲရုံပေါင်း ၃,၇၈၄ ရုံကို အပိုင်း ၃ ပိုင်းခွဲ၍ ဖွင့်လှစ်ပေးခဲ့ကာ နိုင်ငံရေးပါတီ ၂၀ နှင့် တစ်သီးပုဂ္ဂလ ၄၆ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။ ယခုရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် ကို ပထမဆုံးအကြိမ် စတင်အသုံးပြုခဲ့ပြီး ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ နိုင်ငံတကာလေ့လာရေးအဖွဲ့များ၊ သံတမန်များနှင့် မီဒီယာများက စောင့်ကြည့်လေ့လာခဲ့ကြသည့်အတွက် ရွေးကောက်ပွဲဖြစ်စဉ်များမှာ အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

10