Huione Pay network ကျားဖြန့်ကြောင့် ထိခိုက်နစ်နာခဲ့တဲ့ ထိုင်းနိုင်ငံသားတွေအတွက် ထောက်ပံ့ကြေးအနေနဲ့ ဘတ် ၄၆ သန်းကို ပြန်ပေးဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ ငွေဖြူငွေမည်း ထိန်းချုပ်တိုက်ဖျက်ရေးက သိမ်းဆည်းရမိတဲ့ ဘတ် ၄၆,၁၈၁,၀၀၀ ကို နစ်နာသူတွေဆီဖြန့်ချိပေးဖို့ စီစဥ်နေတာပါ။SKYFALL ဆိုပြီး သြဂုတ်လ ၂၀၂၅ တုန်းက Huione Pay နဲ့ ဖုန်းအက်ပ်လီကေးရှင်းကနေတဆင့် လိမ်လည်သူတွေကို ဖမ်းဆီးခဲ့တာပါ။ ဒီဂိုဏ်းက ကုမ္ပဏီတုနှစ်ခုသုံးပြီး လူနာမည်တုတွေနဲ့ ဘဏ်အကောင့်များစွာဖွင့်၊ ထိုင်းမ တစ်ဦးကို စာရင်းကိုင်အဖြစ် ခန့်ပြီး ပိုက်ဆံတွေ စု၊ တရုတ်လူမျိုးတွေရဲ့ ဘဏ်အကောင့်ထဲ လိမ်လည်ထည့်တာပါ။ စာရင်းကိုင်မကို ဘန်ကောက် ဟွေ့ကမ်မှာ ဖမ်းမိခဲ့ပြီး၊ ဂိုဏ်းချုပ်တရုတ်ကိုတော့ ထိိုင်းနိုင်ငံထဲ အသာလေး ပြန်ဝင်ဖို့လုပ်နေချိန် သုဝဏ္ဏဘူမိလေဆိပ်မှာ ဖမ်းမိခဲ့တာပါ။သူတို့ရဲ့ လိမ်လည်မှုကနေ ဘတ် ၄၆ သန်းကျော် သိမ်းဆည်းရမိခဲ့ပြီး ဒါကို ပြန်ထုတ်ပေးဖို့ စီစဥ်နေတာပါ။ အခုကြေညာပြီးရက်ကနေ ရက် ၉၀ အတွင်းထုတ်နိုင်မှာဖြစ်ပြီး ၁၇ ရက် မတ်လ အထိလို့ သတ်မှတ်ထားပါတယ်။
Jan 27 • 2:26 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


