back

စင်ကာပူအရှေ့ပိုင်းမှာ လေထုညစ်ညမ်းမှု အန္တရာယ်ရှိလာနိုင်

Jan 27 • 2:25 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူအရှေ့ပိုင်းမှာ လေထုညစ်ညမ်းမှု အန္တရာယ်ရှိလာနိုင်

စင်ကာပူ အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ (NEA) ဟာ နိုင်ငံအတွင်းမှာ ရရှိနေတဲ့ မီးခိုးညှော်နံ့တွေနဲ့ ပတ်သက်ပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ စင...

စင်ကာပူ အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ (NEA) ဟာ နိုင်ငံအတွင်းမှာ ရရှိနေတဲ့ မီးခိုးညှော်နံ့တွေနဲ့ ပတ်သက်ပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ စင်ကာပူရဲ့ မြောက်ဘက် မလေးရှားနိုင်ငံ Johor ပြည်နယ်က Pengerang နဲ့ Punggai ဒေသတွေမှာ တောမီးတွေ ဆက်တိုက်လောင်ကျွမ်းနေတာကြောင့် အဲဒီက ထွက်လာတဲ့ မီးခိုးငွေ့တွေဟာ လေတိုက်နှုန်းနဲ့အတူ စင်ကာပူဘက်ကို လွင့်စင်လာတာ ဖြစ်ပါတယ်။ အထူးသဖြင့် Punggai နားမှာရှိတဲ့ သစ်တောတွေ မီးလောင်ကျွမ်းမှုဟာ ဧရိယာ ၁၂ ဟက်တာကျော်အထိ ကျယ်ပြန့်လာနေပြီး ရေအရင်းအမြစ် အခက်အခဲကြောင့် မီးငြှိမ်းသတ်ဖို့တောင် ခက်ခဲနေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ ညပိုင်းမှာ စင်ကာပူရဲ့ လေထုညစ်ညမ်းမှုညွှန်းကိန်း (PSI) ဟာ ၄၃ ကနေ ၅၆ အတွင်းမှာပဲ ရှိနေပြီး အခြေအနေ ကောင်းမွန်တယ်လို့ NEA က ဆိုပေမဲ့ တကယ့်လက်တွေ့မှာတော့ ဒေသခံတွေက မီးခိုးနံ့ကို ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။NEA အနေနဲ့လည်း ဒီအခြေအနေကို ဆက်လက် စောင့်ကြည့်ပြီး သတိပေးချက်တွေ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။အခုလို မီးခိုးငွေ့တွေကြောင့် လေထုညစ်ညမ်းနေတဲ့အချိန်မှာ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ မီးခိုးနံ့ ပြင်းထန်တဲ့အချိန်တွေမှာ အိမ်တွင်းလေထု သန့်စင်စက် (Air Purifier) ဖွင့်ထားခြင်းနဲ့ အပြင်ထွက်ရင် Mask တပ်ဆင်ခြင်းက ကျန်းမာရေး ထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

news-view-count-icon

10