ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင်ဇန်နဝါရီလ ၂၃ ရက် ၂ တန်းနေ ကလေးငယ် တစ်ဦးကို ဟွန်ဒါဖစ်ကားဖြင့် ဖမ်းဆီးခေါ်ဆောင် ပြန်ပေးဆွဲ ခဲ့ပြီး ကျပ်သိန်း ၃၀၀၀ ဖြင့်လာရွေးခိုင်းသည့် အမျိုးသား တစ်ဦးထိုနေ့ ညပိုင်းမှာပင် ရေနွေးရွာတွင် ပြန်လည် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အဆိုပါ အမျိုးသား ကို ရွှေညောင်တွင် ပြန်လည်တွေ့ရှိကြောင်း သတင်း ကြား သိရသဖြင့် ထိုနေ့ ညနေပိုင်း မှာ ပင် ပိတ်ဆို့ရှာဖွေခဲ့ရာ ရွှေညောင်မြို့၊ ရေနွေးရွာတွင် ထို အမျိုးသား စီးလာသော မော်တော်ကားကို တွေ့ရှိပြီးဝိုင်းဝန်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရှိသူ တစ်ဦးက ပြောသည်။



