မြစ်ကြီးနားမြို့သည် ည ၁၀ နာရီမှ နံနက် ၄ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်မြို့ဖြစ်သော်လည်း ည ၈ နာရီကတည်းက နံနက် ၃ နာရီခန့်ထိ လောင်းကစားဝိုင်းနှင့် အကပဒေသာများဖြင့် ပွဲလုပ်သည့်အတွက် အနီးပတ်ဝန်းကျင်က ပြည်သူများ အိပ်မရကြောင်း ရပ်ကွက်နေအမျိုးသားတစ်ဦး ပြောပြချက်အရ သိရသည်။ ၂၂ ရက်နေ့ကတည်းက ဖွင့်တာဖြစ်ပြီး အထဲတွင် ငါးမန်း၊ ခြောက်ကောင်ဂျင်၊ ရှမ်းကိုးမီးဖဲ၊ လေးကောင်ဂျင် အစရှိသည့် လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားကြောင်း ရပ်ကွက်နေအမျိုးသားက ဆက်ပြောသည်။



