ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့ကို ၂၀၂၆ ခုနှစ် အာဆီယံ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွား လုပ်ငန်းဆု ရရှိခဲ့ကြောင်း သိရသည်။အဆိုပါဆုကို အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် - ၂၀၂၆ ၊ ASEAN Tourism Forum- 2026 ကာလ အတွင်း ဖိလစ်ပိုင်နိုင်ငံ ၊ စီဘူးမြို့တွင် ဇန်နဝါရီလ ၂၆ ရက်မှ ၃၀ ရက်အတွင်း ဆုပေးအပ်သွားမည် ဖြစ်ကာ ၊ အာဆီယံ ခရီးသွားလုပ်ငန်းဆိုင်ရာ စံနှုန်းဆုများကို ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။၂၀၂၆ ခုနှစ် အတွက် အာဆီယံ ခရီးသွား လုပ်ငန်းစံနှုန်းဆု ရရှိသော နေရာများမှာ (၁) အာဆီယံ သန့်ရှင်းသော ခရီးသွား မြို့တော်ဆု ကို ပင်းတယမြို့ (၂) အာဆီယံ အစိမ်းရောင် ဟိုတယ်ဆု ကို (က)Kalaw Heritage Hotel,Kalaw (ခ) Hotel SS-Aung Ban, Aung Ban (၃) အာဆီယံ MICE Venue (Meeting Room) ဆုကို Merry Go Round Meeting Room, Merriment Hotel, Kalaw (၄) အာဆီယံ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွား လုပ်ငန်းဆုကို Kalaw, Shan State (Urban Sustainable Tourism Product Category) တို့ ဆုအသီးသီး ရရှိခဲ့ကြောင်း သိရသည်။



