back

တောင်ကိုရီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း လီဟေးချန် ဗီယက်နမ်ခရီးစဉ်အတွင်း ကွယ်လွန်

Jan 26 • 4:51 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း လီဟေးချန် ဗီယက်နမ်ခရီးစဉ်အတွင်း ကွယ်လွန်

ငြိမ်းချမ်းစွာပေါင်းစည်းရေး အကြံပေးကောင်စီ (PUAC) ၏ အကြီးတန်းဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော တောင်ကိုရီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း လီဟေးချန်သည် ဗီယက်န...

ငြိမ်းချမ်းစွာပေါင်းစည်းရေး အကြံပေးကောင်စီ (PUAC) ၏ အကြီးတန်းဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော တောင်ကိုရီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း လီဟေးချန်သည် ဗီယက်နမ်နိုင်ငံတွင် ဆေးကုသမှုခံယူနေစဉ် ဇန်နဝါရီ ၂၅ ရက်၌ ကွယ်လွန်သွားကြောင်း တောင်ကိုရီးယား Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။လီသည် အဆိုပါကောင်စီ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကော်မတီအစည်းအဝေး တက်ရောက်နေခဲ့သည့် ဟိုချီမင်းစီးတီးသို့ စီးပွားရေးလုပ်ငန်းခရီးစဉ်အတွင်း ဇန်နဝါရီ ၂၃ ရက်က သတိမေ့လဲကျခဲ့ပြီး ဒေသခံဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ရကြောင်း Yonhap သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။၎င်းသည် ရုတ်တရက် နှလုံးကြွက်သား ပျက်စီးခြင်းရောဂါ (Acute Myocardial Infarction) ကို ခံစားနေရကြောင်း ဒေသခံဆေးဘက်ဆိုင်ရာဝန်ထမ်းများက ရောဂါရှာဖွေတွေ့ရှိခဲ့ပြီး နှလုံးသွေးကြောအတွင်း Stent ထည့်၍ ခွဲစိတ်ကုသမှု ခံယူခဲ့သော်လည်း ပြန်လည်ကောင်းမွန်လာခြင်းမရှိဘဲ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၈ မိနစ်၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ဥပဒေပြုအမတ်တစ်ဦးအဖြစ် ခုနစ်ကြိမ်တိုင် ဆောင်ရွက်ခဲ့ပြီး တောင်ကိုရီးယားဒီမိုကရေစီလှုပ်ရှားမှု၏ အတွေ့အကြုံရင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် လီသည် ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ သမ္မတဟောင်း ရိုမူဟွန်းလက်ထက်တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

28