back

မဟာမုနိဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်၊ ဆဌမအကြိမ် ဓမ္မပူဇာသဘင်ကို ဇန်နဝါရီ ၂၇ရက်မှ ၂၉ရက်အထိ ဆင်ယင်ကျင်းပမည်

Jan 26 • 4:49 AM

breaking-news

မြန်မာ

မန္တလေး

cover

မဟာမုနိဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်၊ ဆဌမအကြိမ် ဓမ္မပူဇာသဘင်ကို ဇန်နဝါရီ ၂၇ရက်မှ ၂၉ရက်အထိ ဆင်ယင်ကျင်းပမည်

မန္တလေးမြို့၊ မဟာမုနိဘုရားကြီး (၆၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး၏(ဆဌမ)အကြိမ် ဓမ္မပူဇာသဘင် တရားပွဲတော်ကြီးကို လာမည့် ဇန်နဝါရီ ၂၇ရက်မှ ၂၉ရက်နေ့အထိ (၃)ရက် တို...

မန္တလေးမြို့၊ မဟာမုနိဘုရားကြီး (၆၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး၏(ဆဌမ)အကြိမ် ဓမ္မပူဇာသဘင် တရားပွဲတော်ကြီးကို လာမည့် ဇန်နဝါရီ ၂၇ရက်မှ ၂၉ရက်နေ့အထိ (၃)ရက် တိုင်တိုင် ဆင်ယင်ကျင်းပ‌မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ ထုတ်ပြန်သည်။ ပါမောက္ခချုပ်ဆရာတော်ကြီးသည် ဇန်နဝါရီ၂၈ရက်နေ့ တရားပွဲသို့ ကြွရောက်‌၍ တရားဟောကြားတော်မူရန် မူလအစီအစဉ်ရှိခဲ့သော်လည်း အကြောင်းကြောင်းကြောင့် မကြွရောက်ဖြစ်တော့၍ သီတဂူဆရာတော်ကြီးက အစားထိုးကြွရောက်ချီးမြှင့်ပေးတော်မူမည်ဖြစ်သည်။တရားမဏ္ဍပ်တည်နေရာမှာ ဘုရားကြီးနာရီစင်၊ နိဗ္ဗာန်လမ်းတွင် အထက်ပါသုံးရက်တွင် ညနေ၅နာရီအချိန်၌ တရားပွဲစတင်မည်ဖြစ်သည်။တရားတော်များ လာရောက်ဟောကြားချီးမြှင့်ပေးတော်မူမည့် ဆရာတော်ကြီးများမှာ ဇန်နဝါရီ ၂၇ရက်တွင် မစိုးရိမ်တိုက်သစ်၊ မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တဝါသေဠာဘိဝံသ၊ ဇန်နဝါရီ ၂၈ရက်နှင့် ၂၉ရက်တို့တွင် သီတဂူဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ဖြစ်သည်။

news-view-count-icon

27