back

စစ်ကိုင်းမြို့နယ်၌ စက်သုံးဆီများ တရားမဝင်သယ်ဆောင်လာသူ အမျိုးသားနှစ်ဦးအား ဖမ်းဆီးအရေးယူ

Jan 25 • 1:58 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းမြို့နယ်၌ စက်သုံးဆီများ တရားမဝင်သယ်ဆောင်လာသူ အမျိုးသားနှစ်ဦးအား ဖမ်းဆီးအရေးယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်တွင် အမှတ်(၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင...

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်တွင် အမှတ်(၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ကိုင်းမြို့နယ်၊ သောတပန် ရပ်ကွက်ရှိ အောင်မြေဦးဘုန်းတော်ကြီးသင်စာသင်ကျောင်းရှေ့၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက် နေစဉ် စစ်ကိုင်းတောင်ရိုးလမ်းအတိုင်း စစ်ကိုင်းမြို့တွင်းဘက်မှ ရေခါးကျေးရွာဘက်သို့ ရေခါး ကျေးရွာနေ ချစ်ကိုကို(၂၇)နှစ် မောင်းနှင်လာသည့် MDY-15 8C-xxxx I-ZONE LIGHT TRUCK မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင်သယ်ဆောင်လာသည့် 92 ဓာတ်ဆီ ၅ ဂါလံခန့်ပါ အဝါရောင်ပလတ်စတစ်ပုံး ၆၅ ပုံး(၁ ဂါလံလျှင် ၁၀,၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းကာလတန်ဖိုး ၃,၂၅၀,၀၀၀ ကျပ်ခန့်)နှင့် ထုံးဘိုရပ်ကွက်နေ တရုတ်ကြီး(ခ)ဝင်းကျော်ဦး (၂၉)နှစ်မောင်းနှင်လာသည့် LIFAN အမျိုးအစား သုံးဘီးဆိုင်ကယ်ပေါ်မှ 92 ဓာတ်ဆီ ၅ ဂါလံခန့်ပါ အဖြူရောင်ပလတ်စတစ်ပုံး ၂၀ ပုံး၊ ပရီမီယံဒီဇယ်ဆီ ၅ ဂါလံခန့်ပါ အဖြူရောင်ပလတ်စတစ်ပုံး ၃၀ ပုံး(၁ ဂါလံလျှင် ၁၀,၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းကာလတန်ဖိုး ၂၅ သိန်းကျပ်ခန့်)အား တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် ချစ်ကိုကိုနှင့် တရုတ်ကြီး(ခ)ဝင်းကျော်ဦးတို့အား စစ်ကိုင်းနယ်မြေရဲစခန်း၌ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။




news-view-count-icon

13