back

ထိုင်းနိုင်ငံတွင် လူနာလုရင်း ကယ်ဆယ်ရေးအဖွဲ့နှစ်ဖွဲ့ ရိုက်နှက်မှုဖြစ်ပွား

Jan 25 • 1:57 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် လူနာလုရင်း ကယ်ဆယ်ရေးအဖွဲ့နှစ်ဖွဲ့ ရိုက်နှက်မှုဖြစ်ပွား

ထိုင်းနိုင်ငံ နခေါ့စီ ထမရမြို့မှာ ဒီနေ့ 24ရက် ညနေပိုင်းလောက်က၊ ကယ်ဆယ်ရေး ၂ဖွဲ့ ရိုက်ပွဲ ဖြစ်ခဲ့ကြောင်း သိရပါသည်။ဖြစ်စဉ်မှာ ဆိုင်ကယ် ၂စီး မတော်တဆ ဖြစ်ကြပီး၊လူနာ၂...

ထိုင်းနိုင်ငံ နခေါ့စီ ထမရမြို့မှာ ဒီနေ့ 24ရက် ညနေပိုင်းလောက်က၊ ကယ်ဆယ်ရေး ၂ဖွဲ့ ရိုက်ပွဲ ဖြစ်ခဲ့ကြောင်း သိရပါသည်။ဖြစ်စဉ်မှာ ဆိုင်ကယ် ၂စီး မတော်တဆ ဖြစ်ကြပီး၊လူနာ၂ယောက် ဒဏ်ရာရသွားသည်။ဆေးရုံပို့ဖို့ ကယ်ဆယ်ရေးကား ခေါ်ပေးကြပြီး ရောက်လာတာက ကယ်ဆယ်ရေး ကား၂စီး၊ရောက်လာကာ ပထမ ရောက်တဲ့ အစီးက သူ့ကားပေါ်ကိုလူနာ၂ယောက်ကို တင်ပီး ဆေးရုံ ပို့မယ် အလုပ်မှာ၊ဒုတိယ ကယ်ဆယ်ရေးကားက ဆင်းလာပီး၊ ဒီလူနာကို"ငါပိုင်တယ် ငါ့လူနာ ငါကိုပေး "ဆိုပီး တောင်းတော့ပထမ ကယ်ဆယ်ရေး ကားကလဲ "ဘာလို့ပေးရမှာလဲဒါငါ့လူနာ ငါပဲပိုင်တယ် မပေးနိုင်ဘူး

ဘယ်လိုနည်းနဲ့မှ မပေးဘူး "ဟု ဆိုပီးစကားများ ရိုက်ပွဲ ဖြစ်ကြတယ်။ အဲတော့ အဲနားကသူတွေ၊ ရဲတွေက ကယ်ဆယ်ရေး၂ဖွဲ့ကို ဝိုင်းဆွဲ ဝိုင်းတားကြပြီးနောက် လူနာက ၂ယောက်မလား၁ယောက်ကို ကား၁စီးစီနဲ့၊ တယောက် တဝက်စီ ခွဲတမ်းချပေးလိုက်ကြကြောင်း သိရပါသည်။လူနာလုကြရင်း၊ အရိုက်ခံရတဲ့ ကယ်ဆယ်ရေးက ခေါင်းဘုသီးထ/သွားကျိုး/ပါးစပ်ကွဲ ဒဏ်ရာတွေ ရသွားပီး သူလဲ ဆေးကုလိုက်ရကြောင်း သိရပါသည်။



news-view-count-icon

24