မွန်ပြည်နယ်အတွင်း ယခုအပတ်တွင် စက်သုံးဆီ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၆၆၅ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၆၂၅ ကျပ် ဈေးရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။စက်သုံးဆီဈေးနှုန်းသည့် ပြီးခဲ့သည့်အပတ်လျှင် နှိုင်းယှဉ်ပါက ဈေးနှုန်း ၁၀၀ ကျပ် ဝန်းကျင်ခန့်အနည်းငယ်မြင့်တက်လာပြီး တစ်ပတ်ထက်တစ်ပတ် ဈေးတက်လာနေသည်ဟု ဆိုသည်။အလားတူ ဒီဇယ်တစ်လီတာလျှင် ၂၉၂၅ ကျပ် ပေါက်ဈေးရှိနေပြီး ပရီမီယံတစ်လီတာလျှင် ၂၉၃၅ ကျပ် ဈေးရှိနေကြောင်း သိရသည်။



