ဧရာဝတီတိုင်း၊ ချောင်းဝကျေးရွာ၌ ယနေ့ (ဇန်နဝါရီ ၂၅ ရက်)နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် မီးကြွင်း မီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားကြောင်း တိုင်းမီးသတ်ဦးစီးမှူးရုံးထံမှသိရသည်။ယင်းမီးလောင်မှုမှာ ငပုတောမြို့နယ်၊ အုတ်ရှစ်ကွင်းကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင်ဖြစ်ပွားခြင်း ဖြစ်ပြီး ၁၀ ပေပတ်လည် ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းအမျိုးအစား နေအိမ် ၃၅ လုံးမီးလောင်ပျက်စီး ကြောင်း တိုင်းမီးသတ်ဦးစီးမှူးရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။မီးလောင်မှုမှာ မီးဖိုမှမီးကြွင်းမီးကျန်ကြောင့် စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး နံနက် ၁၁ နာရီ ၁၅ မိနစ် တွင်မီးငြိမ်းကာ လူထိခိုက်မှုမရှိကြောင်း တိုင်းမီးသတ်ဦးစီးမှူးရုံးထံမှသိရသည်။



